• Follow Us on
Latest News

Home မော်လမြိုင်-ရန်ကုန်ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲ

မော်လမြိုင်-ရန်ကုန်ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲ

Share this post

နေပြည်တော်၊ မတ် ၂၅

 

အမှတ် (၈၂) အစုန် မော်လမြိုင်-ရန်ကုန် ရထားသည် မော်လမြိုင်ဘူတာကြီးမှ ယနေ့ နံနက် ၈နာရီ ၃၀နာရီ တွင် အချိန်မှန်ထွက်ခွာပြီး ရန်ကုန် မှထွက်ခွာလာသော အမှတ် (၈၁)အဆန် ရန်ကုန်-မော်လမြိုင် ရထားသည် လည်း နံနက် ၆နာရီ ၃၀ အချိန်တွင် အချိန်မှန် ထွက်ခွာလာခဲ့ကြောင်း မော်လမြိုင်ဘူတာကြီးမှ သိရသည်။

 

လုံခြုံရေးအခြေနေအရ ယနေ့မှစတင်ပြေးဆွဲ သောအမှတ် (၈၂) အစုန် မော်လမြိုင်-ရန်ကုန် ရထားတွင် မော်လ မြိုင်ဘူတာကြီးမှ အထက်တန်းခရီးသည်(၄၁)ဦး ရိုးရိုးတန်းခရီးသည် (၄၉)ဦး စုစုပေါင်း ခရီးသည်ဦးရေ (၉၀)ဦး လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။

 

မော်လမြိုင်-ရန်ကုန်ရထားခရီးစဉ်များ နေ့စဉ် ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲတော့မည် ဖြစ်ပါ၍  အထက်တန်း ကြို တင်လက်မှတ်များအား မော်လမြိုင်ဘူတာရက်ကြိုလက်မှတ်ရုံ၌ ယနေ့ နံနက် ၇နာရီမှစတင်၍ နေ့လည် ၃နာရီထိရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အမှတ် (၈၂)အစုန်မော်လမြိုင်-ရန်ကုန် ရထားသည် မော်လမြိုင်ဘူတာကြီး မှ နံနက် ၈နာရီ ၃၀ အချိန်တွင် ထွက်ခွာပြီး ရန်ကုန်ဘူတာကြီးသို့ ညနေ ၅နာရီ ၄၅ အချိန်တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

 

မတ်လ ၁၈ရက် နံက်ပိုင်းက   မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းအတွင်း၌ အမှတ် ၆၈၆ အစုန် ကျောက် ရထားသည် သိမ်ဆိပ်ဘူတာနှင့် ဒုံးဝန်းဘူတာကြား အရောက်တွင် ရထားမိုင်းထိမှန်၍ ရထားလမ်းနှင့်တွဲများ ပျက်ဆီး၍ လမ်းပိုင်းပိတ်ဆို့ခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post