မော်လိုက်မြို့နယ် ထော်သာပြည်သူ့စစ်ကျေးရွာတွင် ရိက္ခာများ ပြတ်တောက်နေသဖြင့် အမြန်ဆုံး ပို့ဆောင်ပေး ရန် ဒေသခံများ တောင်းဆို

PUBLISHED - June 14, 2024
နေပြည်တော်၊ ဇွန် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ ထော်သာပြည်သူ့စစ်ကျေးရွာတွင် ရိက္ခာများ ပြတ်တောက် နေသောကြောင့် ရိက္ခာများ အမြန်ဆုံး ပို့ဆောင်ပေးစေလိုကြောင်း ဒေသခံများမှ နစက အစိုးရထံ တောင်း ဆိုနေကြသည်။
ထော်သာကျေးရွာကို PDF အဖွဲ့ဝင်များမှ ရိက္ခာ ဖြတ်တောက်ထားသည်မှာ တစ်နှစ်ကျော်ခန့်ရှိပြီ ဖြစ် ကြောင်းနှင့် ဆေးဝါးပြတ်လပ်မှုကြောင့် သက်ကြီးရွယ်အိုများ ဆေးကုသခွင့်မရကြဘဲ သေဆုံးကုန်ကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“တခြားရွာတွေက PDF ရွာတွေဆိုတော့။ ရွာက လူတွေက ရွာကနေ အပြင်ကို မထွက်ရဲဘူး။ ရွာထဲက လူတွေလည်း စုနေကြရတာ။ PDF တွေက ရိက္ခာဖြတ်ခံထားရတာ တစ်နှစ်ကျော် လောက်ရှိပြီ။ အပြင်ထွက်လို့ မရဘူးလေ။ ဆေးဝါးကလည်း ပြတ်တော့ အသက်ကြီးတဲ့သူတွေ နေမကောင်းဖြစ်တဲ့အခါ ဆေးမကုရဘဲ သေကုန်ကြတာ” ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် ရိက္ခာများသာမက အသုံးအဆောင်များပါ ပြတ်တောက်လျှက်ရှိနေသဖြင့် နစက အစိုးရမှ ကူညီကာ ရိက္ခာများ ပို့ဆောင်ပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုနေကြသည်။
“ရိက္ခာက စောစောက လှောင်ထားတာလေးတွေ ရှိလို့သာ ခံသာနေတာ။ ခုက ပြတ်တာကြာပြီ။ ဖုန်းလိုင်း တွေကလည်း မမိဘူး။ လယ်လည်း လုပ်လို့ မရဘူး။ ဆန်ကတော့ ရှိသေးတယ်။ ကျန်တဲ့ ရိက္ခာတွေ အကုန်ပြတ်နေပြီ။ တော်တော် ဒုက္ခရောက်နေကြတယ်။ မိန်းကလေး အသုံးအဆောင်တွေလည်း တော် တော်ခက်ခဲနေပြီ။ ဆီ၊ဆား၊ ငပိ၊ ငရုတ်၊ ကြက်သွန်က အစ ဘာမှကိုမရှိတော့ဘူး။ အဲဒါကြောင့် နစကအစိုးရ အနေနဲ့လည်း ကျွန်တော်တို့ ကျေးရွာဘက်ကို ကူညီပြီး ရိက္ခာလေးတွေ ပို့ပေးစေချင်ပါတယ်” ဟု ဒေသခံ တစ်ဦးက အကူအညီတောင်းဆိုထားသည်။
#PeopleMedia