• Follow Us on

Home မော်လိုက်မြို့နယ် ထော်သာပြည်သူ့စစ်ကျေးရွာကို စစ်သွေးကြွတွေက ဒရုန်းနဲ့တိုက်၊ ထော်သာကျေးရွာတွင် ရိက္ခာပြတ်လပ်နေသည်မှာ (၂)နှစ်ကျော်ကြာပြီဖြစ်

မော်လိုက်မြို့နယ် ထော်သာပြည်သူ့စစ်ကျေးရွာကို စစ်သွေးကြွတွေက ဒရုန်းနဲ့တိုက်၊ ထော်သာကျေးရွာတွင် ရိက္ခာပြတ်လပ်နေသည်မှာ (၂)နှစ်ကျော်ကြာပြီဖြစ်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၅

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ ထော်သာပြည်သူ့စစ်ကျေးရွာကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ဒရုန်းနှစ်စီးဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

စက်တင်ဘာလ (၄)ရက် နံနက် (၁၀)နာရီအချိန်မှ (၁၂)နာရီခန့်ထိ မော်လိုက်မြို့နယ် ထော်သာပြည်သူ့ စစ်ကျေးရွာအား စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် တောင်ကုန်းကျေးရွာ စာသင်ကျောင်းမှ ဒရုန်း နှစ်စီးလွှတ်ကာ ဒရော့ဗုံးများ ပစ်ချတိုက်ခိုက်ခဲ့သည်။

 

အဆိုပါ တိုက်ခိုက်မှုကြောင့် ထော်သာပြည်သူ့စစ်ကျေးရွာတွင် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့ သော်လည်း လူထိခိုက်မှု မရှိကြောင်း သိရသည်။

 

ထော်သာပြည်သူ့စစ်ကျေးရွာကို စစ်သွေးကြွ PDF အဖွဲ့ဝင်များက ဝန်းရံပိတ်ဆို့ထားခြင်းကြောင့် ရိက္ခာများ ပြတ်လပ်နေသည်မှာ (၂)နှစ်ကျော်ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

 

ယင်းအတွက်ကြောင့် ထော်သာကျေးရွာမှ ပြည်သူ့စစ်အဖွဲ့ဝင်များက လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာများနှင့် ဆေးဝါးများကို ပို့ဆောင်ပေးရန် နစက အစိုးရထံ အကြိမ်ကြိမ်တင်ပြ တောင်းဆိုခဲ့သော်လည်း လက်ရှိအချိန်ထိ ပို့ဆောင်ပေးခြင်း မရှိသေးကြောင်း သိရသည်။

 

ထော်သာပြည်သူ့စစ်ကျေးရွာသည် မော်လိုက်မြို့နှင့် (၁၃)မိုင်ခန့်သာ ဝေးကွာပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် မိသားစုဝင် (၂၇၆)ဦး ရိက္ခာပြတ်တောက်လျက်ရှိနေသည်။

 

#PeopleMedia


Share this post