မော်လိုက်မြို့နှင့် (၁၃)မိုင်ခန့်သာ ဝေးကွာသည့် ထော်သာပြည်သူ့စစ်ကျေးရွာတွင် ရိက္ခာပြတ်တောက်နေ သည်မှာ တစ်နှစ်ကျော်ကြာပြီဖြစ်

PUBLISHED - July 17, 2024
နေပြည်တော်၊ ဇူလိုင် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ ထော်သာပြည်သူ့စစ်ကျေးရွာတွင် ရိက္ခာများ ပြတ်တောက်နေ သည်မှာ တစ်နှစ်ကျော် ကြာမြင့်ပြီဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။
ထော်သာပြည်သူ့စစ်ကျေးရွာကို PDF အဖွဲ့ဝင်များက ပိတ်ဆို့ဝန်းရံထားသဖြင့် ရွာပြင်သို့ ထွက်ခွါ၍ မရကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ ရိက္ခာများ ပို့ဆောင်ပေးရန် (၂၀၂၃)ခုနှစ် အောက်တို ဘာလမှ စတင်ကာ တင်ပြထားသော်လည်း လက်ရှိအချိန်ထိ ရိက္ခာများ ရောက်ရှိမလာသေးကြောင်း သိရ သည်။
လက်ရှိအချိန်တွင် စားနပ်ရိက္ခာများသာမက အသုံးအဆောင်ပစ္စည်းများ၊ ဆေးဝါးများပါ ပြတ်တောက် လျက်ရှိနေပြီး အမြန်ဆုံးပို့ဆောင်ပေးရန် ဒေသခံများက အကူအညီတောင်းခံနေကြသည်။
ထော်သာပြည်သူ့စစ်ကျေးရွာတွင် လယ်ယာများ လုပ်ကိုင်၍ရသော်လည်း PDF အဖွဲ့ဝင်များက လက်နက်ကြီး များဖြင့် ပစ်ခတ်ခြင်း၊ သေနတ်များဖြင့် ချောင်းမြောင်းပစ်ခတ်ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
#PeopleMedia