• Follow Us on
Latest News

Home မော်လိုက်၊ ကလေးဝ၊ မင်းကင်းနှင့် မုံရွာမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် အထူးသတိပြုနေထိုင်ရန် မိုး/ဇလ အသိပေး

မော်လိုက်၊ ကလေးဝ၊ မင်းကင်းနှင့် မုံရွာမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် အထူးသတိပြုနေထိုင်ရန် မိုး/ဇလ အသိပေး

Share this post

နေပြည်တော်၊ ဇူလိုင် ၅

 

မော်လိုက်မြို့နယ်၊ ကလေးဝမြို့နယ်၊ မင်းကင်းမြို့နယ်နှင့် မုံရွာမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

 

ဇူလိုင် ၄ရက် မွန်းလွဲ ၁နာရီခွဲ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့တွင် ယင်းမြို့၏ စိုးရိမ် ရေမှတ်အောက် သုံးပေခန့် (၉၂ စင်တီမီတာ)တွင် ရောက်ရှိခဲ့ပြီး နောက် ၁ရက်အတွင်း ယင်းမြို့၏ စိုးရိမ် ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း၊ ကလေးမြို့တွင်းလည်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၇ပေခွဲခန့် (၂၂၄ စင်တီမီတာ)တွင် ရောက်ရှိခဲ့ပြီး နောက် ၃ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ထား သည်။

 

ချင်းတွင်းမြစ်ရေသည် မင်းကင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ခြောက်ပေခန့် (၁၈၁ စင်တီမီတာ) တွင် ရောက်နေပြီး နောက်၃ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း၊ မုံရွာမြို့တွင် ယင်းမြို့၏  စိုးရိမ်ရေမှတ်အောက် ၅ပေခန့် (၁၅၄ စင်တီမီတာ)တွင် ရောက်ရှိနိုင်ပြီး နောက် ၂ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

သို့ဖြစ်၍ မော်လိုက်မြို့နယ်၊ ကလေးဝမြို့နယ်၊ မင်းကင်းမြို့နယ်နှင့် မုံရွာမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ အနေဖြင့် အထူးသတိပြုနေထိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post