မဲခေါင်မြစ်အတွင်း စက်လှေတစ်စီးပေါ်မှ တရားမဝင်တင်သွင်းလာသည့် ငွေကျပ်သိန်း ၄၂၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိ

PUBLISHED - July 18, 2023
နေပြည်တော်၊ ဇူလိုင် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မဲခေါင်မြစ်အတွင်း စက်လှေတစ်စီးပေါ်မှ တရားမဝင်တင်သွင်း လာသည့် ငွေကျပ်သိန်း ၄၂၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၅ ဒသမ ၃ တန် ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီအချိန် တာချီလိတ်မြို့နယ်၊ ဆမ်ဖူးကျေးရွာနှင့် နမ့်ဖုန်းကျေးရွာကြား၊ မဲခေါင်မြစ်ကမ်းဘေးတွင် ဆိုက်ကပ်ထားသည့် ကျိုင်းလပ်မြို့၊ ဝမ်ကျင်း(၃)ရပ်ကွက်၊ မဲခေါင်လမ်းနေ ဦးနန်အွန် ပိုင်ဆိုင်သည့် အလျား ၁၇၁ ပေခန့်၊ အနံ ၁၄ ပေခန့်၊ ရေစူး ၅ ပေခန့်ရှိ စက်လှေပေါ်မှ တရားမဝင်တင်သွင်းလာသည့် ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄၂၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၅ ဒသမ ၃ တန် သိမ်းဆည်းရမိခဲ့သဖြင့် ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia