• Follow Us on

Home မဲစာရင်းပြုစုခြင်းနှင့် စိစစ်ခြင်းလုပ်ငန်းများ၌ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များကို ပါဝင်ဆောင်ရွက်ခွင့်ပြု မည်ဖြစ်ကြောင်း UEC ဥက္ကဋ္ဌပြောဆို

မဲစာရင်းပြုစုခြင်းနှင့် စိစစ်ခြင်းလုပ်ငန်းများ၌ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များကို ပါဝင်ဆောင်ရွက်ခွင့်ပြု မည်ဖြစ်ကြောင်း UEC ဥက္ကဋ္ဌပြောဆို

Share this post

နေပြည်တော်၊ စက်တင်ဘာ ၆

 

မဲစာရင်းပြုစုခြင်းနှင့် စိစစ်ခြင်း လုပ်ငန်းများ၌ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များကို ပါဝင်ဆောင်ရွက်ခွင့် ပြုသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောဆိုသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများနှင့်တွေ့ဆုံ၍ မြန်မာအီလက်ထရောနစ်မဲပေး စက်နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။

 

ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိုင်ငံရေးပါတီများအနေဖြင့် သတ်မှတ်ပါတီရန်ပုံငွေကို ပါတီစည်းရုံးရေး၊ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ ဘဏ္ဍာရေးစည်းမျဉ်းများနှင့် အညီ သုံးစွဲရမည်ဖြစ်ကြောင်း၊နိုင်ငံရေးပါတီများသည် ပါတီရုံးခန်းများကို ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်ကာလအတွင်း ပြည့်မီအောင် ဖွင့်လှစ်ရမည်ဖြစ်ပြီး ဖွဲ့စည်း မှုများကို ဖွဲ့စည်းပုံနှင့်အညီ စနစ်တကျ တာဝန်ပေးအပ်ထားရန်လိုကြောင်း၊ ပါတီအလံနှင့် ဆိုင်းဘုတ်များကို လည်း သတ်မှတ်ချက်နှင့် အညီ စနစ်တကျဆောင်ရွက်ရန်နှင့် ပါတီ၏ဘဏ္ဍာရေးစည်းမျဉ်းများကို ညွှန်ကြား ချက်နှင့်အညီ ရေးဆွဲဆောင်ရွက်ထားရန်လိုကြောင်း ပြောဆိုသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲစာရင်းပြုစုခြင်းနှင့် စိစစ်ခြင်း လုပ်ငန်း များ၌ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များကို ပါဝင်ဆောင်ရွက်ခွင့်ပြုသွားမည်ဖြစ်သည့်အတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန် ကန်ရေးနှင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ပြည် ထောင်စု‌ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြောသည်။

 

ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မဲဆန္ဒရှင်စာရင်းများပြုစုရာတွင် ပြည့်စုံမှန်ကန်ရေးနှင့် လျင် မြန်လွယ်ကူစေရေးအတွက် မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်ကို ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ မဲပေးရာမှာ မဲမသမာမှုများ မဖြစ်စေရန်နှင့် မဲပေးရာတွင် မြန်ဆန်လွယ်ကူခြင်း၊ အချိန်တိုအတွင်း တိကျသော မဲရလဒ်များ ရရှိနိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ ပယ်မဲမရှိခြင်း၊ မဲလက်မှတ်များရိုက်နှိပ်ရသည့် ကုန်ကျ စရိတ်များ လျော့နည်းစေခြင်းတို့အတွက်ရည်ရွယ်ပြီး အီလက်ထရောနစ် မဲပေးစက်အသုံးပြုရေးကို ဆောင် ရွက်ခဲ့ကြောင်း ပြောဆိုသည်။

 

အချိုးကျ ကိုယ်စားပြုစနစ်ဖြင့် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲများတွင် နိုင်ငံရေး ပါတီများသည် မိမိတို့၏ စည်းရုံးဆောင်ရွက်နိုင်မှုအပေါ်မူတည်ပြီး ရရှိမည့်ဆန္ဒမဲအပေါ်မူတည်၍ ကိုယ်စားလှယ်များ အချိုးကျ ရရှိ မည်ဖြစ်သဖြင့် တိုင်းရင်းသားပါတီများအနေဖြင့်လည်း မိမိနယ်မြေ ဒေသအလိုက် ဥပဒေပြုရေးနှင့် အုပ်ချုပ် ရေးကဏ္ဍများ၌ မိမိတို့လူမျိုးစုများနှင့် ပြည်သူ့အကျိုး ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ စစ်မှန်ပြီး စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံး ဖော်ဆောင်ရာတွင် ပြည်သူလူထုနှင့် နိုင်ငံတော် အတွက် မှန်ကန်ခိုင်မာစွာ ရပ်တည်ဆောင်ရွက်နိုင်သည့် နိုင်ငံရေးပါတီများဖြစ် အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြောဆိုခဲ့သည်။

 

#PeopleMedia


Share this post