မဲဆောက်မြို့နယ်တွင် ကားတစ်စီးပေါ်မှ ဘတ် ၁ သန်းတန်ဖိုးရှိ စစ်အသုံးဆောင်ပစ္စည်းများ ဖမ်းဆီးရမိ

PUBLISHED - June 13, 2024
နေပြည်တော်၊ ဇွန် ၁၃
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်၊ မယ်ပကျေးရွာရှိ စစ်ဆေးဂိတ်တွင် ဇွန်လ ၁၁ ရက် ညနေပိုင်းက ကုမ္ပဏီတစ်ခု၏ ကားတစ်စီးပေါ်မှ ထိုင်းဘတ် ၁ သန်းခန့်တန်ဖိုးရှိသည့် စစ်အသုံးဆောင်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်း သတင်းများတွင် ဖော်ပြထားကြသည်။
ဖမ်းဆီးရမိသည့် စစ်အသုံးဆောင်ပစ္စည်းများမှာ ကျည်ကာအင်္ကျီ၊ ကျည်ကာဦးထုပ်၊ ဆက်သွယ်ရေးစက်၊ M. 16 ကျည်ဆံ၊ စစ်ဝတ်စုံ၊ စစ်သုံးဖိနပ် စသည့် ပစ္စည်းများ ပါဝင်ပြီး၊ ကာလတန်ဖိုးမှာ ဘတ်တစ်သန်းခန့်တန်ဖိုးရှိ ကြောင်း သိရသည်။
ယင်းပစ္စည်းများကို မယ်ဟောင့်ဆောင်ခရိုင်၊ မယ်စလီယန်မြို့နယ်ဘက်ကို ပို့ဆောင်မည့်ပစ္စည်များ ဖြစ် ကြောင်းနှင့် ယာဉ်မောင်းကို စစ်ဆေးနေကြောင်း သိရသည်။
#PeopleMedia