မဲဆႏၵရွင္ တစ္ေထာင္ေက်ာ္ခန္႔ရွိသည့္ ကုိကိုးကၽြန္းၿမိဳ႕ နယ္၌ ကာကြယ္ေရး ဒု-ဝန္ႀကီး(ၿငိမ္း) ေရြးေကာက္ခံမည္

PUBLISHED - August 10, 2020
ရန္ကုန္၊ ၾသဂုတ္ – ၁၀
ရန္ကုန္တုိင္းေဒသႀကီး၊ ကုိကုိးကၽြန္းၿမိဳ႕နယ္၌ ကာကြယ္ေရး ဒု-ဝန္ႀကီး(ၿငိမ္း)ဗုိလ္ခ်ဳပ္ေအာင္ေသာ္ကက ျပည္ခုိင္ၿဖိဳးပါတီ ကုိယ္စားျပဳအျဖစ္ ဝင္ေရာက္ေရြးေကာက္ခံသြားမွာ ျဖစ္ပါတယ္။
ကိုကုိးကၽြန္းၿမိဳ႕သည္ တပ္မေတာ္(ေရ)အေျခစုိက္သည့္ ၿမိဳ႕နယ္တစ္ခုျဖစ္ၿပီး ရပ္ကြက္(၂)ခုႏွင့္ ဖြဲ႕စည္းထား ပါတယ္။
အလားတူ အဆုိပါ ၿမိဳ႕နယ္သည္ မဲဆႏၵရွင္တစ္ေထာင္ေက်ာ္ခန္႔သာရွိတဲ့ၿမိဳ႕နယ္ျဖစ္ပါတယ္။
ရန္ကုန္တုိင္း၏ လူဦးေရအနည္းဆုံးၿမိဳ႕နယ္ျဖစ္သည့္ ကုိကုိးကၽြန္းၿမိဳ႕နယ္သည္ ၂၀၁၅ ေရြးေကာက္ပြဲ ၌ ျပည္ခုိင္ၿဖိဳးပါတီ၏ အမာခံနယ္ေျမတစ္ခုျဖစ္ခဲ့ပါတယ္။
၂၀၁၅ ေရြးေကာက္ပြဲ၌ ကိုကုိးကၽြန္းၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္အျဖစ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ) ဗုိလ္ခ်ဳပ္ႀကီး(ၿငိမ္း)သူရသက္ေဆြက တာဝန္ယူခြင့္ရရွိခဲ့ပါတယ္။
အလားတူ ၿပီးခဲ့သည့္ရက္ပုိင္း၌ ႏုိင္ငံေတာ္၏အတုိင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္သည္ ကုိကုိးကၽြန္းၿမိဳ႕နယ္သုိ႔ သြားေရာက္ခဲ့ၿပီး ဌာနဆုိင္ရာမ်ားႏွင့္ ေတြ႔ဆုံမႈျပဳလုပ္ခဲ့ပါတယ္။
လက္ရွိအခ်ိန္၌ NLD ပါတီသည္ ကုိကိုးကၽြန္းၿမိဳ႕နယ္၌ ၿမိဳ႕နယ္ပါတီ႐ုံးဖြင့္လွစ္ႏုိင္ရန္ ပါတီ႐ုံးကုိ တည္ေဆာ က္ရန္ စီစဥ္လ်က္ရွိပါတယ္။
လာမည့္ ေရြးေကာက္ပြဲ၌ ကုိကိုးကၽြန္းၿမိဳ႕နယ္၌ NLD ပါတီမွ ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္အျဖစ္ ဦးဝင္းကုိကုိဝင္း၊ တုိင္း(၁) ေဒၚသီတာသိန္း၊တုိင္း(၂)ေဒၚျမင့္ျမင့္ေဌးတုိ႔က ဝင္ေရာက္ယွဥ္ၿပိဳင္သြားမွာ ျဖစ္ပါ တယ္။
အလားတူ ကုိကိုးကၽြန္းၿမိဳ႕နယ္၌ တပ္မေတာ္ေခါင္းေဆာင္(ေဟာင္း) သူရဦးေရႊမန္းဦးေဆာင္သည့္ UBP ပါတီကလည္း ဝင္ေရာက္ယွဥ္ၿပိဳင္သြားမွာ ျဖစ္ပါတယ္။
#PeopleMedia #NLD #USDP #2020election #ကုိကုိးကၽြန္း
(unicode)
မဲဆန္ဒရှင် တစ်ထောင်ကျော်ခန့်ရှိသည့် ကိုကိုးကျွန်းမြို့ နယ်၌ ကာကွယ်ရေး ဒု-ဝန်ကြီး(ငြိမ်း) ရွေးကောက်ခံမည်
……………………………………………
ရန်ကုန်၊ ဩဂုတ် – ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်၌ ကာကွယ်ရေး ဒု-ဝန်ကြီး(ငြိမ်း)ဗိုလ်ချုပ်အောင်သော်ကက ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုအဖြစ် ဝင်ရောက်ရွေးကောက်ခံသွားမှာ ဖြစ်ပါတယ်။
ကိုကိုးကျွန်းမြို့သည် တပ်မတော်(ရေ)အခြေစိုက်သည့် မြို့နယ်တစ်ခုဖြစ်ပြီး ရပ်ကွက်(၂)ခုနှင့် ဖွဲ့စည်းထား ပါတယ်။
အလားတူ အဆိုပါ မြို့နယ်သည် မဲဆန္ဒရှင်တစ်ထောင်ကျော်ခန့်သာရှိတဲ့မြို့နယ်ဖြစ်ပါတယ်။
ရန်ကုန်တိုင်း၏ လူဦးရေအနည်းဆုံးမြို့နယ်ဖြစ်သည့် ကိုကိုးကျွန်းမြို့နယ်သည် ၂၀၁၅ ရွေးကောက်ပွဲ ၌ ပြည်ခိုင်ဖြိုးပါတီ၏ အမာခံနယ်မြေတစ်ခုဖြစ်ခဲ့ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲ၌ ကိုကိုးကျွန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး(ငြိမ်း)သူရသက်ဆွေက တာဝန်ယူခွင့်ရရှိခဲ့ပါတယ်။
အလားတူ ပြီးခဲ့သည့်ရက်ပိုင်း၌ နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် ကိုကိုးကျွန်းမြို့နယ်သို့ သွားရောက်ခဲ့ပြီး ဌာနဆိုင်ရာများနှင့် တွေ့ဆုံမှုပြုလုပ်ခဲ့ပါတယ်။
လက်ရှိအချိန်၌ NLD ပါတီသည် ကိုကိုးကျွန်းမြို့နယ်၌ မြို့နယ်ပါတီရုံးဖွင့်လှစ်နိုင်ရန် ပါတီရုံးကို တည်ဆော က်ရန် စီစဉ်လျက်ရှိပါတယ်။
လာမည့် ရွေးကောက်ပွဲ၌ ကိုကိုးကျွန်းမြို့နယ်၌ NLD ပါတီမှ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဦးဝင်းကိုကိုဝင်း၊ တိုင်း(၁) ဒေါ်သီတာသိန်း၊တိုင်း(၂)ဒေါ်မြင့်မြင့်ဌေးတို့က ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါ တယ်။
အလားတူ ကိုကိုးကျွန်းမြို့နယ်၌ တပ်မတော်ခေါင်းဆောင်(ဟောင်း) သူရဦးရွှေမန်းဦးဆောင်သည့် UBP ပါတီကလည်း ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
#PeopleMedia #NLD #USDP #2020election #ကိုကိုးကျွန်း