• Follow Us on

Home မဲပေးနိုင်ခွင့်ရှိသူအားလုံးလွတ်လပ်စွာမဲပေးနိုင်ရန်နှင့် မှန်ကန်သောရွေးကောက်ပွဲဖြစ်ရေးမှာ အရေးကြီးဆုံးဖြစ်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိဟု ဒုတပ်ချုပ်ပြောကြား

မဲပေးနိုင်ခွင့်ရှိသူအားလုံးလွတ်လပ်စွာမဲပေးနိုင်ရန်နှင့် မှန်ကန်သောရွေးကောက်ပွဲဖြစ်ရေးမှာ အရေးကြီးဆုံးဖြစ်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိဟု ဒုတပ်ချုပ်ပြောကြား

Share this post

နေပြည်တော်၊ အောက်တိုဘာ ၃

 

မဲပေးနိုင်ခွင့်ရှိသူအားလုံးလွတ်လပ်စွာ မဲပေးနိုင်ရန်နှင့် မှန်ကန်သော ရွေးကောက်ပွဲဖြစ်ရေးမှာ အရေးကြီးဆုံး ဖြစ်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း) သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ သင်တန်းသားအရာရှိများ၊ နည်းပြ အရာရှိ များနှင့် မိသားစုများအား စစ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အစိုးရ၏ အန္တိမ ရည်မှန်းချက်ဖြစ်သော အထွေထွေရွေး ကောက်ပွဲကြီး အောင်မြင်စွာဖြစ်ပေါ်လာရေးအတွက် အရေးကြီးသည့် အချက် ၁ ချက်ဖြစ်သည့် ဆန္ဒမဲပေးပိုင် ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများနစ်နာမှုမရှိစေရေးနှင့် နည်းလမ်း ကျနမှန်ကန်မှုရှိသည့် အထွေထွေရွေး ကောက်ပွဲတစ်ရပ်ဖြစ်စေရေး ပြင်ဆင်လျက်ရှိကြောင်း၊ မဲပေးနိုင်ခွင့်ရှိသူအားလုံးလွတ်လပ်စွာ မဲပေးနိုင်ရန်နှင့် မှန်ကန်သော ရွေးကောက် ပွဲဖြစ်ရေးမှာ အရေးကြီးဆုံးဖြစ်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ယူ ဆောင်ရွက်ပေးရမည့် အထွေထွေရွေးကောက်ပွဲတွင် ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲကဲ့သို့ နိုင်ငံတော်၏ ဒီမို ကရေစီသမိုင်းကြောင်း အမဲစက် မဖြစ်စေရေး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်များမှလည်း လိုအပ်သည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေစည်းမျဉ်းများ၊ ပါတီများ မှတ်ပုံ တင်ခြင်းဆိုင်ရာ ဥပဒေများကို ရေပတ်မဝင် မှားယွင်းမှု မရှိစေရေး ပြင်ဆင်လျက်ရှိ သကဲ့သို့ ဆန္ဒမဲ့ပေးပိုင်ခွင့် ရှိသူတိုင်း အသည်းကြားမှ မဲတစ်ပြားကို တစ်ကြိမ်လျှင် တစ်ယောက်သာ တိတိကျကျမဲ့ပေးနိုင်ရေး၊ နိုင်ငံသား မှတ်ပုံတင် စိစစ်ခြင်းအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် IT နည်းပညာသုံးလျက် နိုင်ငံသားစိစစ်ရေးကတ်များ မှားယွင်းမှု၊ ထပ်နေမှု၊ ကွဲလွဲမှုစသည့် ချို့ယွင်းချက်များ မရှိစေရေး ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတော် အစိုးရအဆက်ဆက် စီမံကိန်းများ အကောင်အထည်ဖော်ရန်လိုအပ်လျက်ရှိသည့် လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်းစာရင်း ကောက်ယူရေးလုပ်ငန်းကိုလည်း ၂၀၂၄ ခုနှစ်အကြို ကာလအဖြစ် ယခု ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ စ၍ စမ်းသပ်သန်းခေါင်း စာရင်းကောက်ယူရေးလုပ်ငန်းကိုလည်း စတင်ဆောင်ရွက် နေပြီး ဖြစ်ကြောင်းဖြင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။

 

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်း မှုသည် မရှိမဖြစ်လိုအပ်ကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းကာ ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ထာဝရငြိမ်းချမ်းရေး  ဖော်ဆောင်ရာတွင် လက်မှတ်ရေးထိုးထားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား NCA နှင့်အညီ ဆက်လက်ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ပြီး ၈ နှစ်မြောက် NCA နှစ်ပတ်လည် အခမ်းအနားကိုလည်း ယခုလ အောက်တိုဘာ ၁၅ ရက် တွင် နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထာဝရ ငြိမ်းချမ်းရေး အတွက်လည်း နိုင်ငံတော်နှင့်တပ်မတော်အနေဖြင့် အမြဲတမ်း ပွင့်လင်းမြင်သာစွာ ဆွေးနွေးနိုင်ရေး ဖိတ်ခေါ် လျက်ရှိသကဲ့သို့ လက်မှတ်ရေးထိုးရန် ကျန်ရှိသော အဖွဲ့များနှင့် NCA လမ်းကြောင်းအပါအဝင် လွှတ်တော်လမ်း ကြောင်းမှတစ်ဆင့် မိမိတို့၏ လိုအင်ဆန္ဒများကို တရားဝင်တောင်းဆိုခွင့်ရရှိရေးကိုလည်း တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ် အပြန်အလှန် ပွင့်လင်းမြင်သာစွာ ဆွေးနွေးလျက်ရှိကြောင်းဖြင့် ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post