မံစီမြို့နယ်၊ စီခမ်းကြီးရွာအတွင်းသို့ KIA ပစ်ခတ်သော ကျည်ကျရောက်ပေါက်ကွဲပြီး ကျောင်းသား/သူ ၃ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရ
PUBLISHED - February 19, 2024
ဗန်းမော်၊ ဖေဖော်ဝါရီ ၁၉
ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ စီခမ်းကြီးရွာအတွင်းသို့ KIA ပစ်ခတ်သော ကျည်ကျရောက်ပေါက်ကွဲပြီး ကျောင်း သား/သူ ၃ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။
စီခမ်းကြီးကျေးရွာရှိ တပ်စခန်းကို KIA/PDF က ဖေဖော်ဝါရီ ၁၇ ရက်နေ့မှ ယနေ့ထိ တိုက်ခိုက်နေခြင်းဖြစ်ပြီး ၎င်းတို့ ပစ်ခတ်သည့် ကျည်ကြောင့် ကျောင်းသား/သူ ၃ ယောက် သေဆုံး၊ ၁၆ ယောက် ဒဏ်ရာရရှိခဲ့သလို အရပ်သား ၄ ဦး သေဆုံးခဲ့ရသည်။
ဒဏ်ရာရရှိသူများအား လက်ရှိ၌ ဗန်းမော်မြို့ပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကုသမှု ခံယူလျက်ရှိနေသည်။
“စာသင်ကျောင်းထဲက ဆရာ/ဆရာမနဲ့ ကျောင်းသား/သူတွေကို ဖေဖော်ဝါရီ ၁၇ ရက်နေ့ မိုးလင်းခါနီးမှာ မောင်း ထုတ်တာ KIA/PDF တွေက။ သူတု့ိပစ်ခတ်တဲ့ လက်နက်ကျလို့ ကျောင်းသား/သူ ၃ ယောက် သေတယ်။ များစွာ ဒဏ်ရာရတယ်။ န-စ-ကဥက္ကဋ္ဌကြီးအနေနဲ့ လိုင်ဇာကို ဗုံးကျဲပေးပါလို့ ပြောချင်တယ်။ န-စ-ကဥက္ကဋ္ဌ ကြီးက လိုင်ဇာကို ဗုံးမကျဲသရွေ့ ပြည်သူတွေ ဒီလို ပေးဆပ်နေကြရမှာဖြစ်တယ်” လို့ ဒေသခံတစ်ဦးက ပြော သည်။
စီခမ်းကြီးကျေးရွာသည် ရှမ်းနီတိုင်းရင်းသား၊ ရှမ်းတိုင်းရင်းသားနဲ့ ရှမ်းဗမာတိုင်းရင်းသားတွေ အများဆုံးနေ ထိုင်သည့် ကျေးရွာဖြစ်သည်။
#PeopleMedia