မျက်မမြင်ကျောင်း(ခဝဲခြံ)၌ ကိုဗစ် ၁၉ ရောဂါပိုးတွေ့လူနာ (၁၆) ဦးထဲမှ တစ်ဦးသေဆုံးပြီး အကူအညီများ လိုအပ်နေ

PUBLISHED - July 29, 2021
ရန်ကုန်၊ ဇူလိုင် ၂၉ (People Media)
ရန်ကုန်မြို့၊ မျက်မမြင်ကျောင်း(ခဝဲခြံ)တွင် ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိသူ လူနာ (၁၆) ဦးထဲမှ တစ်ဦးသေဆုံး သွားပြီး လက်ရှိအချိန်၌ အကူအညီများလိုအပ်နေကြောင်း ယင်းမျက်မမြင်ကျောင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ပြီးခဲ့တဲ့တစ်ပတ်မှာ ပိုးစတွေ့တာပေါ့။ အဲ့ထဲက တစ်ယောက်ကတော့ ဆုံးသွားတယ်။ အခုပိုးတွေ့တဲ့သူတွေ ထဲမှာ မျက်မမြင်တွေရော မြင်တဲ့သူတွေရောပေါ့။ သူတို့က ရောဂါပျောက်သေးတာ မဟုတ်တော့ ဆေးဝါးတွေ လိုအပ်နေသေးတယ်”ဟု ရန်ကုန်မျက်မမြင်ကျောင်း(ခဝဲခြံ)မှ တာဝန်ရှိသူတစ်ဦးက People Media သို့ ပြော သည်။
ရောဂါကူးစက်ခံထားသည့် လူနာ (၁၅) သီးသန့်ဆောင်တွင်ခွဲထားတာ ဆေးကုသမှုခံယူနေလျက်ရှိပြီး စိုးရိမ် စရာအခြေအနေမရှိဘူးလို့ ၎င်းက ထပ်မံပြောပါတယ်။
လက်ရှိတွင် အဆိုပါလူနာများအတွက် ဆေးဝါးကုသရန်အတွက် အလှူရှင်များ လိုအပ်နေသေးကြောင်း ကျောင်းတာဝန်ရှိသူက ပြောဆိုပါတယ်။
#PeopleMedia #ခဝဲခြံမျက်မမြင်ကျောင်း #COVID19
(unicode)
……………………………………………………