• Follow Us on

Home မျက်မှောက်ခေတ် ရင်ဆိုင်ကြုံတွေ့ရသော စိန်ခေါ်မှုများကို အတူတကွ လက်တွဲကျော်ဖြတ်မည်ဟု အာဆီယံ-တရုတ်စင်တာညွှန်ကြားရေးမှူးချုပ် ပြောဆို

မျက်မှောက်ခေတ် ရင်ဆိုင်ကြုံတွေ့ရသော စိန်ခေါ်မှုများကို အတူတကွ လက်တွဲကျော်ဖြတ်မည်ဟု အာဆီယံ-တရုတ်စင်တာညွှန်ကြားရေးမှူးချုပ် ပြောဆို

Share this post

နေပြည်တော်၊ ဇူလိုင် ၂၁

 

မျက်မှောက်ခေတ် ရင်ဆိုင်ကြုံတွေ့ရသော စိန်ခေါ်မှုများကို အတူတကွ လက်တွဲကျော်ဖြတ်သွားကြမည် ဖြစ်ကြောင်း၊ အာဆီယံ-တရုတ်စင်တာညွှန်ကြားရေးမှူးချုပ် H.E. Mr. SHI Zhongjunက ပြောဆိုသည်။

 

အာဆီယံ-တရုတ်စင်တာ အတွင်းရေးမှူးချုပ် မစ္စတာ ရှေကျုံးကျွင်းသည် ယမန်နေ့က ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာစာဧည့်ပါမောက္ခများကို တရုတ်နိုင်ငံ တက္ကသိုလ်များတွင် တာဝန်ထမ်းဆောင်ရန် စေလွှတ်ပေးလျက်ရှိကြောင်း၊ ကျောင်းသားဖလှယ်ရေး၊ ဆရာ ဖလှယ်ရေး၊ သုတေသနပူးပေါင်းဆောင်ရွက်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်လိုကြောင်း ဆွေးနွေးပြောကြားသည်။

 

ယင်းနောက် အာဆီယံ-တရုတ်စင်တာညွှန်ကြားရေးမှူးချုပ် H.E. Mr. SHI Zhongjun က အာဆီယံ-တရုတ်စင် တာသည်ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ယဉ်ကျေးမှု၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် မီဒီယာကဏ္ဍ တို့တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လျက်ရှိကြောင်း၊ တရုတ်-အာဆီယံချစ်ကြည်ရင်းနှီးမှုသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မောင်းနှင်အားပင်ဖြစ်ကြောင်း၊ မျက်မှောက် ခေတ် ရင်ဆိုင်ကြုံတွေ့ရသော စိန်ခေါ်မှုများကို အတူတကွ လက်တွဲကျော်ဖြတ်သွားကြမည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံတက္ကသိုလ်များက ပူးပေါင်းဆောင်ရွက်ရန်အသင့် ရှိ ကြောင်း ပြောကြားသည်။

 

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းနှင့် ညွှန်ကြားရေးမှူး ချုပ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

#PeopleMedia


Share this post