• Follow Us on
Latest News

Home မျိုးဆက်သစ်ကို တာဝန်လွှဲပြောင်းပေးသွားမှာဖြစ်ပြီး ရုံးခန်းထက် တိုင်းပြည်ကို ပိုချစ်ကြောင်း ဘိုင်ဒန်ပြော

မျိုးဆက်သစ်ကို တာဝန်လွှဲပြောင်းပေးသွားမှာဖြစ်ပြီး ရုံးခန်းထက် တိုင်းပြည်ကို ပိုချစ်ကြောင်း ဘိုင်ဒန်ပြော

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၂၅

 

အမေရိကန်နိုင်ငံရဲ့အနာဂတ်ကို စိုးရိမ်တဲ့အတွက် ရီပတ်ဘလီကန်သမ္မတလောင်းဒေါ်နယ်ထရမ့်နဲ့ ယှဉ်ပြိုင် ရမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြု တော့ဘဲ နုတ်ထွက်တော့မှာဖြစ်ကြောင်း အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂၄ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

ဘိုင်ဒန်က ခြောက်လအတွင်း စွန့်ခွာရမယ့် သမ္မတရုံးကို ချစ်ခင်ကြောင်း ပြောဆိုရင်း အမေရိကန်သမ္မတ ဟောင်းတွေဖြစ်တဲ့ သောမတ်ဂျက်ဖာဆင်၊ ဂျော့ချ်ဝါရှင်တန်နဲ့ အေဘရာဟမ်လင်ကွန်းတို့ကို ဘဲဥပုံရုံးခန်းထဲက ပြောကြားတဲ့မိန့်ခွန်းမှာ တိုင်တည်ပြောဆိုခဲ့ပါတယ်။

 

“ကျွန်တော် ဟောဒီရုံးခန်းကို တန်ဖိုးထားမြတ်နိုးပါတယ်။ ဒါပေမဲ့ ကျွန်တော့် တိုင်းပြည်ကို ကျွန်တော်ပိုချစ်ပါ တယ်။” လို့ ဘိုင်ဒန်က ပြောပါတယ်။

 

ဇွန်လ ၂၇ ရက်နေ့ကပြုလုပ်ခဲ့တဲ့ မအောင်မြင်တဲ့စကားစစ်ထိုးပွဲအပြီး နှုတ်ထွက်ဖို့ ဒီမိုကရက်တွေက ရက်ပေါင်း များစွာ ဖိအားပေးတောင်းဆိုတာကို “ဘုရားသခင်က နုတ်ထွက်ခိုင်းမှသာ နုတ်ထွက်မယ်” လို့ ပြန်လည်ပြောဆို ရင်း အသက် ၈၁ နှစ်အရွယ် ဘိုင်ဒန်က အစောပိုင်းက ခါးခါးသီးသီး ငြင်းပယ်ခဲ့ပါတယ်။

 

“ရှေ့ဆက်ရမယ့် အကောင်းဆုံးနည်းလမ်းအတွက် မျိုးဆက်သစ်တစ်ယောက်ကို တာဝန်ဝတ္တရားတွေ လွှဲပြောင်း ပေးလိုက်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါတယ်။ ဒါဟာ ကျွန်တော်တို့တိုင်းပြည် စည်းလုံးညီညွတ်ဖို့အတွက် အ ကောင်းဆုံးနည်းလမ်းပါပဲ။” လို့ ဘိုင်ဒန်က ပြောပါတယ်။

 

ထရမ့်နာမည်ကို တိုက်ရိုက်ဖော်ပြခြင်းမပြုပေမဲ့ ထရမ့်သာ နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲမှာ အနိုင်ရသွားခဲ့ရင် အမေရိကန်ပြည်သူတွေ အန္တရာယ်နဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်း ၁၁ မိနစ်ကြာမိန့်ခွန်းမှာ ဘိုင်ဒန်က ထည့်သွင်း ပြောဆိုသွားပါတယ်။

 

ဒီမိုကရက်တစ်ပါတီထဲက အနာတရတွေကို ကုစားရာမှာ အထောက်အကူဖြစ်စေဖို့နဲ့ အောင်ပွဲအတွက် ဒီမိုက ရက်တွေ စည်းလုံးညီညွတ်ဖို့အတွက် ၎င်းအနေနဲ့ ရွေးကောက်ပွဲက နုတ်ထွက်သွားမှာဖြစ်ကြောင်း ဘိုင်ဒန်က ပြောပါတယ်။

 

“ကျွန်တော်တို့ ဒီမိုကရေစီကို ကယ်တင်ဖို့လမ်းကြောင်းထဲကို ဘယ်အရာကမှ ဝင်ရောက်လာနိုင်မှာ မဟုတ်ပါ ဘူး။ အဲဒီအထဲမှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရည်မှန်းချက်တွေလည်း ပါပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

“အမေရိက အခုလို ရပ်တည်နေတဲ့ အကြီးကျယ်အမြင့်မြတ်ဆုံးသော အကြောင်းအရာကတော့ ရှင်ဘုရင်တွေ၊ အာဏာရှင်တွေက တိုင်းပြည်ကို မအုပ်ချုပ်ဘဲ ပြည်သူက အုပ်ချုပ်နေတာပဲဖြစ်ပါတယ်။ သမိုင်းဟာ ခင်ဗျားတို့ လက်ထဲမှာရှိပါတယ်။ နိုင်ငံတော်အာဏာဟာ ခင်ဗျားတို့လက်ထဲမှာ ရှိပါတယ်။ အမေရိကရဲ့ အတွေးအခေါ် အ ယူအဆတွေက ခင်ဗျားတို့လက်ထဲမှာ ရှိပါတယ်။” လို့ ဘိုင်ဒန်က ပြောပါတယ်။

 

၂၀၂၁ ခုနှစ် အာဏာရလာတဲ့အချိန်ကစပြီး ဘဲဥပုံရုံးခန်းကိုအသုံးပြုပြီး မိန့်ခွန်းပြောခဲ့တာ ဘိုင်ဒန်အတွက် စတုတ္ထအကြိမ်ဖြစ်ပါတယ်။

 

ဆဋ္ဌမမြောက် အသက်အငယ်ဆုံး အမေရိကန်အထက်လွှတ်တော်အမတ်အဖြစ် အသက် ၂၉ နှစ်အရွယ် ၁၉၇၂ ခုနှစ်မှာ အထက်လွှတ်တော်မှာ အရွေးခံခဲ့ရတဲ့အချိန်ကစပြီး ဘိုင်ဒန်ရဲ့ နိုင်ငံရေးဘဝ စတင်ခဲ့တာဖြစ်ပါတယ်။

 

ဘိုင်ဒန်ဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ အိမ်ဖြူတော်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အသက် ၈၂ နှစ် အရွယ်နဲ့ အမေရိကန်သမိုင်းမှာ အသက်အကြီးဆုံး သမ္မတအဖြစ် အနားယူမှာဖြစ်ပါတယ်။

 

Ref: Biden says he’s ‘passing the torch’ in speech from Oval office

 

#PeopleMedia


Share this post