မျိုးဆက်သစ်ဒရုန်းစီမံချက်မှာ အမေရိကန်က ဂျပန်နဲ့ ပူးတွဲဆောင်ရွက်သွားမည်
PUBLISHED - January 30, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၃၀
မျိုးဆက်သစ်ဒရုန်းစီမံချက်တစ်ခုကို အမေရိကန်နိုင်ငံက ဂျပန်နိုင်ငံနဲ့အတူ ပူးတွဲဆောင်ရွက်သွားမှာဖြစ်ကြောင်း အမေရိကန်လေတပ်အတွင်းဝန် ဖရန့်ကန်ဒယ်လ်က ပြောကြားလိုက်ပါတယ်။
ပူးတွဲတိုက်ခိုက်ရေးလေယာဉ်ထုတ်လုပ်ရေးစီမံချက် (The collaborative combat aircraft (CCA) project) ကို အမေရိကန်ကန်ထရိုက်တာတွေချည်းကပဲ ဒီဇိုင်းရေးဆွဲထုတ်လုပ်သွားမှာဖြစ်ပေမဲ့ ဂျပန်နိုင်ငံနဲ့လက်တွဲ ဆောင်ရွက်ဖို့ တခြားအခွင့်အလမ်းတွေရှိနေကြောင်း ကန်ဒယ်လ်ရဲ့စကားကို ကိုးကားပြီး Nikkei Asia သတင်း ဌာနက ပြောပါတယ်။
“ကျွန်တော်တို့ စီမံဆောင်ရွက်နေတာက သတ်မှတ်ထားတဲ့အချိန်ထက်ကျော်လွန်တဲ့ စွမ်းဆောင်ရည်ကို မြှင့် တင်ဖို့ စီမံချက်တစ်ခုဆောင်ရွက်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီနည်းပညာကို ပိုမိုတိုးတက်လာ အောင် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်သလို နောက်ထပ်အဆင့်မြှင့်တင်မှုတွေကိုလည်း ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။” လို့ ကန်ဒယ်လ်က ပြောပါတယ်။
အမေရိကန်လေတပ်ဟာ မောင်းသူမဲ့လေယာဉ်စီမံချက်အတွက် မကြာသေးခင်ကပဲ ဘိုးရင်း (Boeing) ၊ လော့ ဟိမာတင် (Lockheed Martin)၊ နော့သရု(ပ်) ဂရူးမန်း (Northrop Grumman)၊ အန်းဒရယ်လ် (Anduril) နဲ့ ဂျင်နရယ်အက်တောမစ် (General Atomics) စတဲ့ကုမ္ပဏီငါးခုကို လုပ်ငန်းအပ်နှံခဲ့ပါတယ်။
CCA စီမံချက်ပါ မောင်းသူမဲ့လေယာဉ်တွေဟာ အီလက်ထရောနစ်စစ်ဆင်ရေး၊ လေကြောင်းရန်ကာကွယ်ရေး လက်နက်စနစ်တွေ တိုက်ဖျက်ချေမှုန်းရေးမှာ အရန်လက်နက်စနစ်တစ်ခုအနေနဲ့ ဂျက်တိုက်လေယာဉ်/ဗုံးကြဲ လေယာဉ်တွေနဲ့အတူ ပူးတွဲတာဝန်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။
ဒီလက်နက်စနစ်ဟာ အနာဂတ်ကာလစစ်ပွဲဖြစ်ပွားလာခဲ့ရင် တရုတ်နိုင်ငံရဲ့ ပေါင်းစပ်ထားတဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တည်ဆောက်ပုံကို ရှာဖွေဖော်ထုတ်ဖို့ အန္တရာယ်ကင်းတဲ့လမ်းကြောင်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၃၀ ပြည့်နှစ်အကုန်လောက်မှာ CCA ဒရုန်းတွေ အစင်း ၁၀၀၀ လောက် အသုံးပြုသွားဖို့ ရည်မှန်းထားတယ် လို့ ဆိုပါတယ်။
အဆင့်မြင့်မောင်းသူမဲ့လေယာဉ်တွေကတစ်ဆင့် လေ့လာပြီး AI (ဉာဏ်ရည်တုနည်းပညာ) နဲ့ စက်ပစ္စည်းတွေ ကို ရောနှောပေါင်းစပ်သွားဖို့အတွက် မကြာသေးခင်က လက်မှတ်ရေးထိုးခဲ့တဲ့ ပူးတွဲသုတေသနသဘောတူညီ ချက်ကို အခြေခံပြီး ဒီစီမံချက်ကို ဒီဇိုင်းရေးဆွဲတည်ဆောက်သွားမှာဖြစ်ပါတယ်။
ပူးတွဲဒီဇိုင်းရေးဆွဲထုတ်လုပ်မယ့် ဒီမောင်းသူမဲ့လေယာဉ်တွေဟာ ဂျပန်နိုင်ငံက ဗြိတိန်၊ အီတလီတို့နဲ့ ပူးတွဲထုတ် လုပ်နေတဲ့ မျိုးဆက်သစ်ဂျက်တိုက်လေယာဉ်တွေနဲ့အတူ တာဝန်ထမ်းဆောင်သွားဖို့ ရည်ရွယ်ထားတယ်လို့ ဆို ပါတယ်။
“စီမံချက်ထဲကို ဂျပန်နိုင်ငံကယူဆောင်လာနိုင်တဲ့ နည်းပညာစွမ်းရည်တွေ အများအပြားရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ပူးတွဲအလုပ်လုပ်ခြင်းအားဖြင့် အဲဒီအလုပ်ကတစ်ဆင့် ကျွန်တော်တို့အားလုံး အကျိုးကျေးဇူးရရှိနိုင် ပါတယ်။” လို့ ကန်ဒယ်လ်ရဲ့ စကားကိုကိုးကားပြီး Nikkei Asia က ရေးသားထားပါတယ်။
Ref: US to Include Japan in Future Drone Wingman Project
#PeopleMedia