• Follow Us on

Home မြင်းခြံမြို့တွင် ကျေးရွာနေပြည်သူ (၄) ဦး သတ်ဖြတ်ခံရ

မြင်းခြံမြို့တွင် ကျေးရွာနေပြည်သူ (၄) ဦး သတ်ဖြတ်ခံရ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၉

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ပျိုးကန်းကျေးရွာတွင်နေသည့် ပြည်သူ (၄) ဦးကို PDF များမှ သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း သိရသည်။

 

စက်တင်ဘာလ ၂၈ ရက် နံနက် ၇:၁၅ အချိန်တွင် ပျိုးကန်းကျေးရွာသို့ PDF များမှ မော်တော်ယာဉ်များဖြင့် ဦးကျင်စိုး၏ နေအိမ်သို့ရောက်ရှိလာပြီး ထိုဦးကျင်စိုး၏ နေအိမ်တွင် ၎င်း၏အမျိုးသမီးဖြစ်သူနှင့်အတူ တစ်ရွာ ထဲနေ ပြည်သူနှစ်ဦးလည်း ရောက်ရှိနေကြောင်း သိရသည်။

 

ထိုသတ်ဖြတ်ခံရမှုကြောင့် သေဆုံးသွာသည့် အသက် (၅၄) နှစ်အရွယ် ဦးကျင်စိုး(ခ)ဦးခင်မောင်ထွေး၊ ၎င်း၏ ဇနီးဖြစ်သူ အသက်(၅၃) နှစ်အရွယ် ဒေါ်သန်းကြည်(ခ)ဒေါ်စိန်တင်၊ ၎င်းတို့၏နေအိမ်တွင် ရောက်ရှိနေသည့် တစ်ရွာထဲနေ အသက် (၅၄) နှစ်အရွယ် ဒေါ်လုံး၊ အသက်(၅၄) နှစ်အရွယ် ဦးကျော်မိုးတို့ကို PDF များမှ သေ နတ်များဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post