• Follow Us on
Latest News

Home မြင်းခြံမြို့တွင် အသက်မပြည့်သေးသည့်ကလေးငယ်တစ်ဦး၏အရှေ့တွင် မိဘနှစ်ဦးကို PDF များမှ သေနတ်ဖြင့် ပစ်ခတ်

မြင်းခြံမြို့တွင် အသက်မပြည့်သေးသည့်ကလေးငယ်တစ်ဦး၏အရှေ့တွင် မိဘနှစ်ဦးကို PDF များမှ သေနတ်ဖြင့် ပစ်ခတ်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၆

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့၊ ဇလပ်ကုန်းကျေးရွာတွင် အသက် (၈) နှစ်အရွယ်ရှိသည့် ကလေးငယ်တစ်ဦး၏အရှေ့တွင် မိဘနှစ်ဦးကို PDF များမှသေနတ်ဖြင့်ပစ်ခတ်သွားကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၅ ရက် နံနက် ၁၁ နာရီကျော်တွင် ဇလပ်ကုန်းကျေးရွာတွင်နေထိုင်သည့် ဦးသန်းဇော်၏နေအိမ်သို့ PDF များရောက်ရှိလာပြီး ထိုနေအိမ်တွင်အတူရှိနေသည့် ဦးသန်းဇော်နှင့် ၎င်း၏ဇနီးဖြစ်သူကို နေအိမ်ရှေ့လ မ်းပေါ်သို့ ဆွဲခေါ်ပြီး သေနတ်ဖြင့်ပစ်ခတ်လိုက်ကြောင်း သိရသည်။

 

သေနတ်ပစ်ခတ်ခံရမှုကြောင့် ဦးသန်းဇော်မှာ ဘယ်ဘက်နားထင်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ ညာဘက်လည်ပင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ဇနီးဖြစ်သူ ဒေါ်ညိုညိုစန်းမှာ ဘယ်ဘက်လည်ပင်း တွင် ကျည်ဖောက်ဝင်ဒဏ်ရာ(၁) ချက်တို့ရရှိပြီး အခင်းနေရာတွင် သေဆုံးသွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post