မြင်းခြံမြို့နယ်တွင် စက်ချုပ်လုပ်ငန်းလုပ်ကိုင်သည့် အမျိုးသမီး နှစ်ဦးကို PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ် ခတ်သွား

PUBLISHED - August 3, 2023
နေပြည်တော်၊ သြဂုတ် ၃
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တွင် စက်ချုပ်လုပ်ငန်း လုပ်ကိုင်သည့် အမျိုးသမီးနှစ်ဦးကို PDF အဖွဲ့ဝင် များမှ သေနတ်ဖြင့် ပစ်ခတ်သွားသဖြင့် နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
သြဂုတ်လ (၂) ရက်နေ့ နံနက် (၁၀) နာရီအချိန်က မြင်းခြံမြို့နယ်၊ နှပ်ချိုတောကျေးရွာတွင် နေထိုင်သည့် မသက်မွန် (၃၇ နှစ်) နှင့် မခင်သီတာထွန်း (၃၉ နှစ်) တို့သည် ၎င်းတို့ နေအိမ်၌ရှိနေစဉ် PDF အဖွဲ့ဝင် ကျား (၆) ဦးသည် ဆိုင်ကယ် (၃)စီး ဖြင့် ရောက်ရှိလာသည်။
ယင်းနောက် အဆိုပါ PDF အဖွဲ့ဝင် (၆) ဦးမှ ပစ္စတိုဖြင့် ပစ်ခတ်ခဲ့သဖြင့် မသက်မွန်တွင် ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်နှင့် မခင်သီတာထွန်းတွင် ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် ဖြင့် နေရာတွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။
#PeopleMedia