• Follow Us on
Latest News

Home မြင်းခြံမြို့နယ်တွင် ဈေးဝယ်ရန်သွားသည့် ရဲတပ်ဖွဲ့ဝင် သုံးဦးနှင့် အနီးရှိ အရပ်သားတစ်ဦးကို PDF အဖွဲ့ဝင်များ မှ သတ်ဖြတ်

မြင်းခြံမြို့နယ်တွင် ဈေးဝယ်ရန်သွားသည့် ရဲတပ်ဖွဲ့ဝင် သုံးဦးနှင့် အနီးရှိ အရပ်သားတစ်ဦးကို PDF အဖွဲ့ဝင်များ မှ သတ်ဖြတ်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၅

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ မြို့သာ- နဘူးအိုင်- မြင်းခြံသွားကားလမ်း၊ သက္ကယ်ကျင်း ကျေးရွာ အဝင်တွင် ဈေးဝယ်ရန်သွားသည့် ရဲတပ်ဖွဲ့ဝင် သုံးဦးနှင့် အနီးရှိ အရပ်သားတစ်ဦးကို PDF အဖွဲ့ဝင်များမှ သတ်ဖြတ်လိုက်ကြောင်း သိရသည်။

 

ဇန်နဝါရီလ (၂၄) ရက် မွန်းလွဲ (၁) နာရီခွဲခန့်အချိန်က ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင် သုံးဦးသည် မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာသို့ ဆိုင်ကယ် (၁) စီးဖြင့် ဈေးဝယ်ရန်သွားရောက်ခဲ့ကြောင်း သိရသည်။

 

ယင်းသို့ သွားရောက်ရာတွင် မြင်းခြံ- မြို့သာသွား ကားလမ်း သက္ကယ်ကျင်းကျေးရွာသို့ အရောက်တွင် PDF အဖွဲ့ဝင်များမှ ရဲတပ်ဖွဲ့ဝင်များအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

၎င်းနောက် အခင်းဖြစ်ပွါးသည့် နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းရာတွင် မြို့သာ-နဘူးအိုင်- မြင်းခြံသွား ကားလမ်းမပေါ်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် အမည်စိစစ်ဆဲ အသက် (၅၀)နှစ် ခန့်ရှိ အမျိုးသား တစ်ဦးတို့ကို သေဆုံးလျှက်နှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှာ စိုးရိမ်ရ ဒဏ်ရာများဖြင့် တွေ့ရှိခဲ့ကြောင်း သိရသည်။

 

ယင်းအပြင် မြို့သာ- နဘူးအိုင်- မြင်းခြံသွား ကားလမ်းမ၏ မြောက်ဘက် (၁) မိုင်ခန့်အကွာနေရာတွင် နောက်ထပ် ရဲ တပ်ဖွဲ့ဝင် တစ်ဦးကို ဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း သိရသည်။

 

PDF အဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသည့် အရပ်သားတစ်ဦးသည် ရဲတပ်ဖွဲ့ဝင်များအား ပစ်ခတ် တိုက်ခိုက်ချိန်တွင် အခင်းဖြစ်ပွါးသည့် နေရာအနီးတွင် ရှိနေသည့်အတွက် PDF အဖွဲ့ဝင်များမှ နှုတ်ပိတ်ရန် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post