• Follow Us on

Home မြင်းခြံမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်များ စီးနင်းလာသည့်ကားကို PDF အဖွဲ့ဝင်များမှ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် (၆) ဦး ကျဆုံး

မြင်းခြံမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်များ စီးနင်းလာသည့်ကားကို PDF အဖွဲ့ဝင်များမှ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် (၆) ဦး ကျဆုံး

Share this post

နေပြည်တော်၊ မတ် ၁၃

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် ကားကို PDF အဖွဲ့ဝင် များမှ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် (၆)ဦး ကျဆုံးသွားကြောင်း သိရသည်။

 

မတ်လ (၁၁)ရက် နံနက် (၁၁)နာရီခန့်က မြင်းခြံ- မြို့သာလမ်း၊ တူရွင်းဘို့ကျေးရွာနှင့် သစ်ရုံကျေးရွာ အကြား တွင် ရဲတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် (Kluger) ကလူဂါ အမျိုးအစား ကားကို PDF အဖွဲ့ဝင်များမှ စောင့်ကြိုပစ်ခတ်ခဲ့သည်။

 

ယင်းသို့ ပစ်ခတ်မှုကြောင့် ကားပေါ်တွင် လိုက်ပါလာသည့် ရဲတပ်ဖွဲ့ဝင် (၆)ဦး ကျဆုံးသွားကြောင်းနှင့် ရဲတပ်ဖွဲ့ ဝင်များ ကိုင်ဆောင်ထားသည့် MA 1 (၁)လက်၊ MA 2 (၁)လက်၊ MA 3 (၁)လက်၊ G3 (၂)လက်၊ Type 81 (၁)လက် ၊ MA 5(ပစ္စတို) (၁)လက် ၊ ၅.၅၆ မမ ကျည် (၉၆)တောင့် ၊ ၇.၆၂ ကျည် (၂၁၉)တောင့်၊ ကျည် ဘောက် (၁၃)ခု၊ ဖုန်း (၄)လုံး ၊ ပါဝါဘန့်ခ် (၁)လုံး၊ စကားပြောစက် (၁)လုံးနှင့် ငွေကျပ် (၅)ထောင် တို့ကို PDF အဖွဲ့ဝင်များမှ သိမ်းဆည်းရရှိသွားကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုကို PDF အဖွဲ့များဖြစ်သည့် အနောက် မြောက်စစ်ဒေသ၊ PLA ရဲခေါင်ပြောက်ကျားတပ်ဖွဲ့၊ ဗမာ့ လွတ်မြောက်ရေးတပ်ဖွဲ့၊ လွတ်လပ်ရေးတပ်တော်၊ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ ၊ မြင်းခြံ 35 တပ်ဖွဲ့နှင့် BGF အဖွဲ့တို့က လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့များက ထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီလ (၂၂) ရက်ကလည်း မြင်းခြံ- ဆီမီးခုံ လမ်းပိုင်းတွင် မန္တလေးမှ ပြန်လာသည့် ရဲတပ်ဖွဲ့ ဝင်များကို PDF အဖွဲ့ဝင်များက စောင့်ကြိုပစ်ခတ်ခဲ့သဖြင့် ရဲမေများအပါအဝင် ရဲတပ်ဖွဲ့ဝင် (၆) ဦး ကျဆုံးခဲ့ သည်။

 

#PeopleMedia


Share this post