• Follow Us on

Home မြင်းခြံမြို့နယ်တွင် အမျိုးသား (၂) ဦးအား ဖောက်ခွဲရေးပစ္စည်းများနှင့် ဖမ်းမိ

မြင်းခြံမြို့နယ်တွင် အမျိုးသား (၂) ဦးအား ဖောက်ခွဲရေးပစ္စည်းများနှင့် ဖမ်းမိ

Share this post

နေပြည်တော်၊ ဇူလိုင် ၁၄

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ သိမ်တိုင်ကျေးရွာနှင့် ဇလပ်ကုန်းကျေးရွာကြားတွင် ယမန်နေ့ နံနက်ပိုင်း အချိန်က အမျိုးသား ၂ ဦးအား ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

မြင်းခြံမြို့နယ်၊ သိမ်တိုင်ကျေးရွာနှင့် ဇလပ်ကုန်းကျေးရွာကြားတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပိတ်ဆို့စစ်ဆေး မှုများဆောင်ရွက်နေစဉ် ဆိုင်ကယ်‌မောင်းနှင်လာသည့် မသင်္ကာဖွယ်ရာအမျိုးသား ၂ ဦးအား ရပ်တန့်စစ်ဆေးခဲ့ ရာ ၎င်းတို့ထံမှ အရှည် ၁၂ လက်မခန့်၊ အချင်း ၄ လက်မခန့်ရှိ PVC ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၃ လုံးနှင့် ဆက်စပ်ပစ္စည်းများအား တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post