• Follow Us on

Home မြင်းခြံမြို့နယ်၊ ဆုံရွာကျေးရွာအတွင်းသို့ PDF များက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒေသခံ ၃၂ ဦး သေဆုံးကာ ၁၄ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိ

မြင်းခြံမြို့နယ်၊ ဆုံရွာကျေးရွာအတွင်းသို့ PDF များက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒေသခံ ၃၂ ဦး သေဆုံးကာ ၁၄ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိ

Share this post

နေပြည်တော်၊  မေ ၁၀

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံကျေးရွာ၏ အရှေ့ဘက်ရှိ ဆုံရွာကျေးရွာအား ယမန်နေ့နံနက်ပိုင်း တွင် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး/လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာနေ ဒေသခံ ပြည်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၃၂ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၅ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၁၄ ဦး ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

 

PDF အမည်ခံ အကြမ်းဖက်သမားများသည် မြင်းခြံမြို့နယ်၊ ဆီမီးခုံကျေးရွာ၏ အရှေ့ဘက် မီတာ ၄၀၀၀ ခန့် အကွာရှိ ဆုံရွာကျေးရွာ ပြည်သူ့စစ်စခန်းအား ယနေ့ နံနက်ပိုင်းတွင် ကျေးရွာ၏ တောင်ဘက်နှင့် အရှေ့တောင် ဘက်မှနေ၍ လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် ကျေးရွာပြည်သူ့စစ်စခန်းအား သိမ်းပိုက်နိုင်ခြင်းမရှိဘဲ အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ဆုတ်ခွာစဉ် နီးစပ်ရာ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရ သည်။

 

အဆိုပါ အကြမ်းဖက်သမားများက ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် နေအိမ်များ ပေါ်သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲ ခဲ့ပြီး ကျေးရွာအတွင်း အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ဒေသခံ ပြည်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၃၂ ဦး သေဆုံးခဲ့ကာ အမျိုးသား ၅ ဦး၊ အမျိုး သမီး ၉ ဦး ၊ စုစုပေါင်း ၁၄ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း  သိရသည်။

 

ထို့အပြင် အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ကျေးရွာအတွင်း ရှိ နေအိမ် ၅၀ လုံးခန့် မီး လောင်ပျက်စီးခဲ့သဖြင့် ကျေးရွာနှင့်အနီးဆုံး လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ လိုအပ်သည့် မီးငြှိမ်း သတ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးကာ ထိခိုက်ဒဏ်ရာ ရရှိသူများအား မန္တလေးမြို့ရှိ နယ်မြေခံတပ်မတော် ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသမှုများ ခံယူစေလျက်ရှိကြောင်းနှင့် ဆုတ်ခွာထွက်ပြေးသွားခဲ့သည့် အကြမ်း ဖက်သမားများအား လိုက်လံချေမှုန်းကာ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post