မြင်းခြံမြို့နယ် နတ်ထားကျေးရွာ ရွာဦးကျောင်း ဆရာတော်၏ ကားကို စစ်သွေးကြွတွေက ခြိမ်းခြောက် ယူဆောင်သွား
PUBLISHED - September 19, 2024
နေပြည်တော်၊ စက်တင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ နတ်ထားကျေးရွာကျောင်း ဆရာတော်၏ SURF ကားကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ လက်နက်ပြကာ ခြိမ်းခြောက်ယူဆောင်သွားကြောင်း သိရသည်။
စက်တင်ဘာလ (၁၈)ရက် နေ့ခင်း (၁)နာရီခန့်က နတ်ထားကျေးရွာ ရွာဦးကျောင်းဆရာတော်သည် ကျောင်း တွင် သီတင်းသုံးနေစဉ် စစ်သွေးကြွ PDF အဖွဲ့ဝင် (၆)ဦးသည် ဆိုင်ကယ် (၃)စီးဖြင့် ရောက်ရှိလာသည်။
ယင်းနောက် စစ်သွေးကြွ PDF အဖွဲ့ဝင်များ အနေဖြင့် မြစ်ဖက်ကို လူနာကဲ့စရာ ကားမရှိလို့ ကားအလှူ လာခံတာပါဟု ဆရာတော်ကို ပြောဆိုပြီး ဆရာတော်ထံမှ ကားသော့တောင်းကာ ကားကို မောင်းနှင် ယူဆောင်သွားကြောင်း သိရသည်။
ယခင်ကလည်း စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် နတ်ထားကျေးရွာကို သဒ္ဓါကြေးဟုဆိုကာ ဆက်ကြေး (၂)ကြိမ်တိုင် ကောက်ခဲ့ပြီး နောက်ဆုံးတစ်ကြိမ်တွင် ပိုက်ဆံအရနည်းသဖြင့် ပိုက်ဆံရှိသည့် နေအိမ်များအား သတိထားဟုဆိုကာ ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
နတ်ထားကျေးရွာသည် မြင်းခြံမြို့၏ အရှေ့ဘက်တွင် တည်ရှိပြီး မြင်းခြံမြို့နှင့် (၃)မိုင်ခန့်သာ ဝေးကွာသည့် ကျေးရွာဖြစ်သည်။
#PeopleMedia