မြင်းခြံမြို့နယ် မြို့သာ- မန္တလေးကားလမ်းတွင် လမ်းဦးစီးအရာရှိတစ်ဦးနှင့် အငြိမ်းစားဝန်ထမ်းတစ်ဦး သတ် ဖြတ်ခံရ
PUBLISHED - October 25, 2023
နေပြည်တော်၊ အောက်တိုဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ သစ်ရုံကျေးရွာနှင့် ထိန်ပန်းကျေးရွာကြား မြို့သာ- မန္တလေးသွား ကားလမ်းတွင် လမ်းဦးစီးအရာရှိတစ်ဦးနှင့် အငြိမ်းစားဝန်ထမ်း အမျိုးသားတစ်ဦးတို့ကို PDF အဖွဲ့ဝင်များမှ သတ်ဖြတ်လိုက်ကြောင်း သိရသည်။
အောက်တိုဘာလ (၂၄) ရက် ညနေ (၃) နာရီ (၁၅) မိနစ်ခန့်က ငါန်းဇွန်မြို့နယ်၊ လမ်းဦးစီးအရာရှိ ဦးဝင်းစန်းဦး သည် အငြိမ်းစားဝန်ထမ်း အမျိုးသားတစ်ဦးနှင့်အတူ မြင်းခြံမြို့တွင် ရုံးလုပ်ငန်းများဆောင်ရွက်ပြီး 2K-9312၊ CROWN အဖြူရောင်မော်တော်ယာဉ်ဖြင့် ငါန်းဇွန်မြို့သို့ ပြန်လာခဲ့သည်။
ထိုသို့ ပြန်လာစဉ် သစ်ရုံကျေးရွာနှင့် ထိန်ပန်းကျေးရွာကြားသို့ အရောက်တွင် PDF အဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ယင်းမော်တော်ယာဉ်တွင် ယာဘက် ရှေ့/နောက်ဘီး ၂ လုံးပွင့်ထွက်၊ မော်တော်ယာဉ် ယာ ဘက်ခြမ်းနှင့် လေကာမှန်တို့တွင် ပစ်ခတ်ထားသည့် သေနတ်ကျည်ဆံပေါက်ထွက်အရာ ၂၀ ခန့် ရရှိခဲ့သည်။
ယင်းနောက်တွင် PDF အဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ကားပေါ်တွင်ပါလာသည့် ဦးဝင်းစန်းဦးနှင့် အငြိမ်းစား ဝန်ထမ်း အမျိုးသားတစ်ဦးတို့တွင် ဦးခေါင်း၊ နားထင်၊ မျက်နှာတို့တွင် သေနတ်ကျည်ဆံ ထိမှန်ဖောက်ထွက် ဒဏ်ရာများဖြင့် အခင်းဖြစ်ပွါးသည့်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
#PeopleMedia