• Follow Us on

Home မြင်းခြံမြို့ပေါ်သို့ ဈေးဝယ်သွားသည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

မြင်းခြံမြို့ပေါ်သို့ ဈေးဝယ်သွားသည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၉

 

မန္တတလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့၊ သစ်ရုံကျေးရွာဆိုင်းဘုတ်အနီးတွင် PDF များမှ သေနတ်ဖြင့် ပစ်ခတ်ရာ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၁၆ ရက် မွန်းလွဲ ၂ နာရီကျော်တွင် မြင်းခြံမြို့သို့ ဈေးဝယ်သွားသည့် အမျိုးသားတစ်ဦး မြင်းခြံ-မြို့သာကားလမ်းအတိုင်း ထွက်ခွာလာစဉ် ကားလမ်းမိုင်တိုင်အမှတ် ၄၆၇ မိုင် ၄ ဖာလုံ သစ်ရုံကျေးရွာ အဝင် ဆိုင်းဘုတ်အနီးတွင် PDF များမှ ထိုအမျိုးသားတစ်ဦးကို သေနတ်ဖြင့်ပစ်ခတ်ပြီး ထိုအမျိုးသားစီးနှင်သည့် မော် တော်ဆိုင်ကယ်ကို PDF များမှ ယူဆောင်သွားကြောင်း သိရသည်။

 

ထိုပစ်ခတ်ခံရသည့် အမျိုးသားမှာ မြင်းခြံမြို့၊ ကျောက်ကန်ကျေးရွာတွင် နေထိုင်သည့် အသက် (၄၀) နှစ်အရွယ် ဦးကျော်သူဖြစ်ပြီး ၎င်း၏ Scoopyi မော်တော်ဆိုင်ကယ်ကို PDF များမှ ယူဆောင်သွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post