မြင်းခြံမြို့အနီး ကူရွာရှိ စစ်သွေးကြွစခန်းကို တပ်မတော်နဲ့ ပြည်သူ့စစ် ပူးပေါင်းပြီး နယ်မြေရှင်းလင်းနေ
PUBLISHED - November 12, 2024
မြင်းခြံ၊ နိုဝင်ဘာ ၁၂
နိုဝင်ဘာ ၁၁ ရက်၊ ည ၉ နာရီ အချိန်ခန့်၌ မြင်းခြံမြို့အနီး ကူရွာရှိ စစ်သွေးကြွစခန်းကို လေကြောင်းဖြင့် ရှင်းလင်းပြီးနောက် တပ်မတော်နဲ့ ပြည်သူ့စစ် ပူးပေါင်းပြီး နယ်မြေရှင်းလင်းမှု ဆက်လက်ဆောင်ရွက်နေသည်။
စစ်သွေးကြွများသည် ကျေးရွာအဝင်လမ်းများကို တိုက်မိုင်း၊ မြေမြုပ်မိုင်းများ ထောင်ထားမှုကြောင့် တပ်မတော် အနေဖြင့် စစ်ဆင်ရေး ဆောင်ရွက်ရာတွေ မိုင်းကို ဂရုစိုက်ဖို့ လိုအပ်ကြောင်း ဒေသနေ ပြည်သူအချို့က ပြောဆိုသည်။
ထို့အတူ စစ်သွေးကြွများသည် လက်ဝဲ-မြင်းနီကျေးရွာရှိ အ-ထ-က ကျောင်း၊ ရွှေကျောင်းကြီး ဘုန်းကြီးကျောင်း အတွင်း၌ ပစ်ကျင်း၊ ဘန်ကာများ ဆောက်လုပ်ထားသလို မိုင်းများ လက်နက်များ ထုတ်လုပ်နေကြောင်း ဒေသနေ ပြည်သူများက ပြောသည်။
လက်ဝဲ-မြင်းနီကျေးရွာနဲ့ ချိတ်ဆက်ထားသော လမ်းပိုင်းများကိုလည်း စစ်သွေးကြွများက တိုက်မိုင်းများ၊ မြေမြုပ်မိုင်းများ ထောင်ထားကြောင်း သိရသည်။
#PeopleMedia