• Follow Us on

Home မြင်းခြံမြို့၌ နေထိုင်သည့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးကို PDF အဖွဲ့က ဖမ်းဆီးသွားပြီးနောက် ဆီမီးခုံ-နဘူးအိုင်သွားလမ်းမ၌ သတ်ဖြတ်ခဲ့

မြင်းခြံမြို့၌ နေထိုင်သည့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးကို PDF အဖွဲ့က ဖမ်းဆီးသွားပြီးနောက် ဆီမီးခုံ-နဘူးအိုင်သွားလမ်းမ၌ သတ်ဖြတ်ခဲ့

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၇

 

မြင်းခြံမြို့၌ နေထိုင်သည့် အသက် ၅၀ အရွယ်ရှိ အမျိုးသားတစ်ဦးကို PDF အဖွဲ့က ဖမ်းဆီးသွားပြီးနောက် ဆီမီးခုံ-နဘူးအိုင်သွား လမ်းမ၌ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

 

ဇန်နဝါရီလ (၁၆)ရက် ညနေပိုင်းက မြင်းခြံမြို့နယ်တွင် နေထိုင်သည့် ဦးမင်းသူသည် ဆီမီးခုံမြို့၏ အရှေ့ဘက် ဆီမီးခုံ- နဘူးအိုင်သွား ကားလမ်းဘေးရှိ ၎င်းပိုင်ဆိုင်သည့် လယ်ကွင်းတွင် လယ်ထွန်နေစဉ် PDF အဖွဲ့ဝင် (၄) ဦးမှ ဆိုင်ကယ် (၂) စီးဖြင့် ရောက်ရှိလာသည်။

 

ယင်းနောက်တွင် လယ်ထွန်နေသည့် ဦးမင်းသူအား ဒလန်ဟု စွပ်စွဲကာ ဆီမီးခုံ- နဘူးအိုင် ကားလမ်းမဘေးတွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း သိရသည်။

 

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးမင်းသူတွင် ယာ-နားထင် ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ဝဲ- ပုခုံး ပြတ်ရှ ဒဏ်ရာ (၁)ချက်တို့ဖြင့် အခင်းဖြစ်ပွါးသည့်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

 

#PeopleMedia


Share this post