• Follow Us on

Home မြင်းခြံမြို့ အမှတ်(၁၀) ရပ်ကွက်တွင် အုတ်တံတိုင်းပြိုကျမှုဖြစ်ပွားပြီး အမျိုးသား ၁ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိ

မြင်းခြံမြို့ အမှတ်(၁၀) ရပ်ကွက်တွင် အုတ်တံတိုင်းပြိုကျမှုဖြစ်ပွားပြီး အမျိုးသား ၁ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၅

 

မန္တလေးတိုင်ဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ အမှတ်(၁၀) ရပ်ကွက်၊ နယ်မြေ(၇) အတွင်းတွင် ယနေ့ နံနက် ၄ နာရီ ၃၀ အချိန်က အုတ်တံတိုင်းပြိုကျမှုဖြစ်ပွားပြီး အမျိုးသား ၁ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မြင်းခြံမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမှတ်(၁၀) ရပ်ကွက်၊ နယ်မြေ(၇) အတွင်းတွင် မဟာဝါဠုကာရာမ သဲပြင်ကျောင်းတိုက်ပိုင် ဘုရားလေးဆူစေတီ၏ အရှေ့ဘက်ရှိ အမြင့် (၈)ပေ၊ အလျား (၁၅၀)ပေခန့်ရှိသော အုတ်တံတိုင်းပြိုကျခဲ့သဖြင့် အမျိုးသား ၁ ဦး သေဆုံးပြီး အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်) ရရှိခဲ့၍ မြင်းခြံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

အုတ်တံတိုင်းပြိုကျရာနေရာကို မြင်းခြံခရိုင်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post