မြင်းမူမြို့တွင် ခရီးသည်ယာဉ်ပေါ်၌ PDF များထံပေးပို့ရန်အတွက် ဒရုန်းများနှင့်ပတ်သက်သည့် ဆက်စပ်ပစ္စည်း များနှင့်အတူ အမျိုးသားနှစ်ဦး ဖမ်းဆီးရမိ
PUBLISHED - January 26, 2024
နေပြည်တော်၊ ဇန်နဝါရီ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့၊ ထီးဆောင်းစစ်ဆေးရေးဂိတ်တွင် ခရီးသည်ယာဉ်အား စစ် ဆေးရာတွင် PDF များထံ ပေးပို့ရန်အတွက် သည်ဆောင်လာသည့် ဒရုန်းနှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။
ဇန်နဝါရီလ ၂၅ ရက် နေ့လည် ၂ နာရီခန့်တွင် မန္တလေးဘက်မှ မုံရွာဘက်သို့ မောင်းနှင်လာသည့် “မဟာနွယ်” ခရီးသည် ယာဉ်ပေါ်အား စစ်ဆေးရာတွင် ဖမ်းဆီးရမိကြောင်း ထိုယာဉ်ပေါ်တွင် ခရီးသည်များလိုက်ပါလာ ခြင်းမရှိကြောင်း သိရသည်။
ထိုယာဉ်အားမောင်သည့် ယာဉ်မောင်း ဦးဝင်းနိုင် ၄၃ နှစ် (ဘ)ဦးခင်မောင်အေး ၅/မရန(နိုင်)၁၅၁၄၃၀ မြို့ သစ်ရပ်ကွက်၊ မုံရွာမြို့နေသူ မောင်းနှင် ပြီး ယာဉ်နောက်လိုက် မင်းခန့်မောင် ၂၅နှစ် (ဘ)ဦးထွန်းအေး၊ ၅/မရန(နိုင်)၂၆၅၁၁၀ နန္ဒဝန် ရပ်ကွက်၊ မုံရွာမြို့နေသူတို့လိုက်ပါလာသည့် မုံရွာ-မန္တလေး(မဟာနွယ်) ယာဉ်လိုင်းမှ ယာဉ်အ မှတ်၊ 7L-4000 Express ဖြူ/ပြာရောင် ဖြစ်ကြောင်း သိရသည်။
အဆိုပါယာဉ်ပေါ်တွင်RADIOMASTER(Drone Control) ၃ ခု၊ Dube(ဆက်စပ်ပစ္စည်း) ၃ စုံ၊AGFRC SERVO ၁၀ ခု၊ ပန်ကာဒလက်(HW) ၂၃ ခု၊ GPS ၆ခု၊ UBEC ၄ ခု၊ PS 5-3 +Pwr-1 ၃ ခု၊ ဒလက်မော်တာ(X-8)KV100 KB CCW RTF ၁၈ ခု၊ ပိုက်ဆက်(18 Pcs) ၁၈ ခု၊Transmiher+Reciver(B) ၃ ခု၊ ဒရုန်းဒလက်တိုင်(အတို) ၁၈ ချောင်း၊ ဒရုန်းဒလက်တိုင်(အရှည်) ၁၈ ချောင်း၊ ဒရုန်းဓာတ်ခဲ(18650) ၁၀ လုံး၊ DC-DC Power ၆ ခု၊ နတ်တိုင် (အရှည်) ၅၅ ခုနှင့်အတူ12V ဘက္ထရီ ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
Photo – Credit
#PeopleMedia