မြင်းမူမြို့တွင် ခြံဝန်းထဲသို့ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားနှင့် အမျိုးသမီးတို့ ဒဏ်ရာရ
PUBLISHED - March 1, 2024
နေပြည်တော်၊ မတ် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ဗန္ဓုလရပ်ကွက်နှင့် မာဃရပ်ကွက်တို့တွင် နေအိမ်ခြံ ဝန်းထဲသို့ ဗုံးကျရောက်ပေါက်ကွဲမူကြောင့် အမျိုးသားနှင့် အမျိုးသမီးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၈ ရက် မွန်းလွဲ ၂ နာရီတွင် PDF များမှ မြင်းမူမြို့ရှိ ရပ်ကွက်အတွင်းသို့ ဗုံးဖြင့် ပစ်ခတ်ရာ ဗန္ဓုလရပ်ကွက်တွင် နေထိုင်သည့် အသက် (၅၇) နှစ်အရွယ် ဒေါ်မြဝင်း၏ နေအိမ်ခြံဝန်းထဲသို့ ဗုံးကျရောက် ပေါက်ကွဲမှုကြောင့် ညာဘက်နဖူးတွင် (မစိုးရိမ်ရ) သည့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ နေ့လည် ၃ နာရီကျော်တွင် မာဃရပ်ကွက်တွင် နေထိုင်သည့် အသက်(၄၀) နှစ်အရွယ် ဦးသဲဇော်၏ နေအိမ်ခြံဝန်းထဲတွင်လည်း ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ထိုအမျိုးသားမှာ ဘယ်/ညာခြေထောက်တို့တွင် (မစိုးရိမ်ရ) သည့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုဒဏ်ရာရရှိသူနှစ်ဦးမှာ မန္တလေးပြည်သူ့ဆေးရုံတွင် ဆေးကုသနေကြောင်း၊ ထိုဖြစ်စဉ်နေရာသို့ တာဝန်ရှိ သူများမှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
Photo – Credit
#PeopleMedia