မြင်းမူမြို့တွင် ရပ်ကျေးစာရေးနှင့် အရပ်သားတစ်ဦးကို PDF များမှ သေနတ်ပစ်ခတ်သော်လည်း ဒဏ်ရာမရရှိ
PUBLISHED - January 12, 2024
နေပြည်တော်၊ ဇန်နဝါရီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် စက်သုံးဆီဝယ်ပြီးပြန်လာသည့် ရပ်ကျေးစာရေးနှင့် အရပ်သားတစ်ဦးတို့ကို PDF များမှ သေနတ်ပစ်ခံရသော်လည်း ဒဏ်ရာမရရှိကြောင်း သိရသည်။
ဇန်နဝါရီလ ၁၁ ရက် နေ့လည် ၂ နာရီကျော်တွင် မုံရွာ- မန္တလေးကားလမ်းမိုင်တိုင်အမှတ် ၄၉/၃ နဲ့ ၄၉/၄ အကြားတွင်ရှိသည့် MK စက်သုံးဆီအရောင်းဆိုင်မှ ဆီဝယ်ပြီး ရပ်ကျေးစာရေးနှင့် အရပ်သားတစ်ဦးတို့ ပြန်လာစဉ် မြင်းမူမြို့ပေါ် ထွေ/အုပ်ရုံးသို့ပြန်လာစဉ် ဘောလုံးကွင်းနေရာအရောက်၌ သေနတ် (၃) ချက် ပစ်ခတ်ခံရသော်လည်း ထိုနှစ်ဦးမှာ ဒဏ်ရာရရှိမူမရှိကြောင်း သိရသည်။
မကြာသေးမီရက်ပိုင်းကလည်း စစ်ကိုင်းတိုင်းအတွင်း အုပ်ချုပ်ရေးမှူးနှင့် မိသားစုဝင်များ သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များလည်းရှိခဲ့သည်။
Photo – Credit
#PeopleMedia