မြင်းမူမြို့တွင် PDF များကိုင်သည့် လက်လုပ်သေနတ်နှင့် လက်လုပ်မိုင်း သိမ်းဆည်းရရှိ

PUBLISHED - January 19, 2024
နေပြည်တော်၊ ဇန်နဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာအနီးတွင် PDF များနှင့် လုံခြုံရေး တပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၁၇ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် လုံခြုံရေးတပ်ဖွဲ့မှ နယ်မြေရှင်းလင်းဆောင်ရွက်နေစဉ် ဝမ်းပြည့်ကျေးရွာအနီး၌ PDF များနှင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထိုပစ်ခတ်ရာတွင် PDF များကိုင်ဆောင်သည့် လက်လုပ်သေနတ် ၁ လက်နှင့် လက်လုပ်မိုင်း ၅ လုံးတို့ကို သိမ်းဆည်းရရှိသော်လည်း ထို PDF ကို ဖမ်းဆီးရရှိခြင်းမရှိကြောင်း သိရသည်။
Photo – Credit
#PeopleMedia