• Follow Us on

Home မြင်းမူမြို့တွင် PDF များမှ ဒရုန်းဖြင့် ပစ်ချတိုက်ခိုက်ရာ ဘုန်းကြီးတစ်ပါး ဒဏ်ရာရ

မြင်းမူမြို့တွင် PDF များမှ ဒရုန်းဖြင့် ပစ်ချတိုက်ခိုက်ရာ ဘုန်းကြီးတစ်ပါး ဒဏ်ရာရ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၉

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ PDF များမှ ဒရုန်းဖြင့်ပစ်ချတိုက်ခိုက်ရာ ဘုန်းကြီးတစ်ပါး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဇန်နဝါရီလ ၂၈ ရက်နေ့တွင် မြင်းမူမြိုနယ်၊ ဂွေးပင်တောကျေးရွာ၊ ဥတ္တရာ ရာမဘုန်းကြီး ကျောင်းအခြေပြု လုံခြုံရေးအဖွဲမှ အခြေပြုလုံခြုံရေးဆောင်ရွက်နေစဉ် မွန်းလွဲ ၁ နာရီကျော်တွင် PDF များမှ ထိုကျေးရွာရှိ အနောက်တောင်ဘက် မီတာ ၈၀၀ ခန့်အကွာ ဂွေးပင်တောကျေးရွာ သုသာန်ဘက်မှ Drone ဖြင့် Drop Bomb ၈ လုံးအား အမြင့်မီတာ ၁၅၀၀ ခန့် အကွာမှပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုပစ်ချမူကြောင့် ပင်မကျောင်းဆောင်ရှေ့တွင် ဗုံးသီး ၄ လုံး၊ ဆွမ်းစားဆောင်ရှေ့တွင် ဗုံးသီး ၁ လုံး၊ အရှေ့ ဘက်ရေကန်ဘောင်ပေါ်သို ဗုံးသီး ၁ လုံး၊ ရှစ်မျက်နှာဘုရားရင်ပြင်ရှေ့တွင်ဗုံးသီး ၂ လုံးအသီးသီး ကျရောက် ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲသည့်နေရာ၌ ကွန်ကျူးပိုက်အပိုင်းအစများနှင့်သံတိုသံစများတွေ့ရှိခဲ့ကြောင်း သိရ သည်။

 

ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် သက်တော် (၆၆) နှစ် ဝါတော် (၄၆) ရှိ ကျောင်းထိုင်ဆရာတော် ဦးဧသိကမှာ ဘယ်ဘက်ခြေသလုံး/ခြေကျင်းဝတ်ဗုံးစ ထိမှန်ဒဏ်ရာ ၂ ချက်(မစိုးရိမ်ရ) တို့ရရှိခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post