မြင်းမူမြို့နယ်တွင် စာသင်ကျောင်းကိုအမှီပြုကာ အကြမ်းဖက်လုပ်နေသော PDF များအား လုံခြုံရေးအဖွဲ့ဝင်များ ဝင်ရောက်ရှင်းလင်းခဲ့ရာ PDF ၂ လောင်းနှင့်အတူ လက်နက်များသိမ်းဆည်းရမိ

PUBLISHED - August 15, 2023
နေပြည်တော်၊ သြဂုတ် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ဆိပ်သာကျေးရွာ စာသင်ကျောင်းအတွင်း အမှီပြုကာ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသော PDF အဖွဲ့များအား လုံခြုံရေးအဖွဲ့များက ဩဂုတ်လ ၁၄ ရက် နံနက် ၆ နာရီကျော်အချိန်က ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။
လုံခြုံရေးအဖွဲ့များက ဝင်ရောက်ရှင်းလင်းမှုကြောင့် PDF များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး၊ အဆိုပါ PDF များထံက အလောင်း ၂ လောင်း၊ လက်လုပ်သေနတ်အတို ၁ လက်၊ လက်လုပ်သေနတ်အရှည် ၁၉ လက်တိုအား သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။
#PeopleMedia