မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်ပေါ်မှ ငွေကျပ် ၃၁၆၃.၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
PUBLISHED - September 4, 2023
နေပြည်တော်၊ စက်တင်ဘာ ၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်ပေါ်မှ ငွေကျပ် ၃၁၆၃.၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား များ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
စက်တင်ဘာလ ၁ ရက်နေ့ ညနေ ၄ နာရီအချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်၊ လင်းရောင်ခြည်လမ်းတွင် နော်မိုင်(ခ)အင်ခွန်နော် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် ရဲဇော်ဖြိုး(ခ)ရဲဇော် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့ အား ရပ်တန့်စစ်ဆေးရှာဖွေရာ နော်မိုင်(ခ)အင်ခွန်နော် မောင်းနှင်လာသည့် ဆိုင်ကယ်ခွကြားတွင် ၎င်းတို့ သယ်ဆောင်လာသော ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၀၉၀၀ ပြား(ဒေသ ကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၃၁၆၃.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် နော်မိုင်(ခ) အင်ခွန်နော်(၂၆)နှစ် နှင့် ရဲဇော်ဖြိုး(ခ)ရဲဇော်(၃၆)နှစ်တို့အား မြစ်ကြီးနားနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ် လျက်ရှိကြောင်း သိရသည်။
#PeopleMedia