• Follow Us on
Latest News

Home မြစ်ကြီးနားမြို့တွင် အမျိုးသား ၁ ဦး ပစ်သတ်ခံရ၍ သေဆုံး

မြစ်ကြီးနားမြို့တွင် အမျိုးသား ၁ ဦး ပစ်သတ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ သြဂုတ် ၄

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်ရှိ မီးရထားသံလမ်းအနီးတွင် ယမန်နေ့ ည ၇ နာရီခွဲခန့် က အမျိုးသား ၁ ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရ၍ သေဆုံးသွားကြောင်း သိရသည်။

 

မြစ်ကြီးနားမြို့နေ ဦးဖြိုးဝေဆန်း ၄၀ နှစ်ဝန်းကျင်သည် Alphard အဖြူ‌ရောင်ယာဉ်ကို မောင်းနင်လာစဉ် အေးမြ သာယာရပ်ကွက် မီးရထားသံလမ်းအနီးတွင် ဆိုင်ကယ်စီးနင်းလာသော အမျိုးသား ၂ ဦးက သေနတ်ဖြင့် ပစ် ခတ်ခဲ့သဖြင့် ဦးဖြိုးဝေဆန်းတွင် ဘယ်ဘက်က ပါးကျည်ထိမှန်ဒဏ်ရာအပါအဝင် ဒဏ်ရာများရရှိခဲ့ပြီး သေဆုံး သွားကြောင်း သိရသည်။

 

သေဆုံးသူ၏ ရုပ်အလောင်းကို မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ ပို့‌ဆောင်လိုက်ကြောင်း သိရသည်။

 

#PeopleMedia


Share this post