• Follow Us on
Latest News

Home မြစ်ကြီးနားမြို့နယ်တွင် အမျိုးသား ၂ ဦးထံမှ ဘိန်းဖြူ ၇၁၅ ဂရမ် ဖမ်းဆီးရမိ

မြစ်ကြီးနားမြို့နယ်တွင် အမျိုးသား ၂ ဦးထံမှ ဘိန်းဖြူ ၇၁၅ ဂရမ် ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၆

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် အမျိုးသား ၂ ဦးထံမှ ဘိန်းဖြူ ၇၁၅ ဂရမ်အား ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

စက်တင်ဘာလ ၂၄ ရက်နေ့ ၁၅နာရီ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့် အတူ မြစ်ကြီးနားမြို့နယ်၊ နမ့်ခမ်းကျေးရွာအနီး၊ (၂၁)မိုင်(ရှောင်ကွင်းလမ်း)တွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် လှမင်းသန့်(ခ)အောင်အောင် မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်အား ရပ်တန့်စစ် ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် သယ်ဆောင်လာသော ဆာလာအိတ်အတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၄၉၅ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၉၈ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

အလားတူ ယင်းနေ့ ၁၅နာရီ ၃၀ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သက်သေများနှင့်အတူ မြစ်ကြီးနားမြို့နယ်၊ နမ့်ခမ်းကျေးရွာအနီး၊ (၂၁)မိုင်(ရှောင်ကွင်းလမ်း)တွင် မော်တော်ယာဉ်များအား စစ်ဆေးရှာ ဖွေစဉ် ငွါးယော်ဆီ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြား တွင် သယ်ဆောင်လာသော လက်ဆွဲခြင်းအတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၂၂၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၈ သိန်း)အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

အဆိုပါ သိမ်းဆည်းရမိခဲ့သည့် ဘိန်းဖြူများနှင့်စပ်လျဉ်း၍ လှမင်းသန့်(ခ)အောင်အောင်(၂၇)နှစ် နှင့် ငွါးယော်ဆီ (၂၃)နှစ်တို့အား မြစ်ကြီးနားနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အမှုများရေးဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post