• Follow Us on
Latest News

Home မြစ်ကြီးနားမြို့နယ်တွင် ခရီးသည်တင်ယာဉ်တွင်လိုက်ပါလာသည့် အမျိုးသမီး ၁ ဦးထံမှ ဘိန်းဖြူများ ဖမ်းဆီးရမိ

မြစ်ကြီးနားမြို့နယ်တွင် ခရီးသည်တင်ယာဉ်တွင်လိုက်ပါလာသည့် အမျိုးသမီး ၁ ဦးထံမှ ဘိန်းဖြူများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ သြဂုတ် ၁၀

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် ခရီးသည်တင်ယာဉ်တွင်လိုက်ပါလာသည့်အမျိုးသမီး ၁ ဦးထံမှ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

သြဂုတ်လ ၉ ရက်နေ့ ညနေ ၄နာရီအချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မြစ်ကြီးနားမြို့နယ်၊ (၂၁)မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် နမ္မတီး မြို့ဘက်မှ မြစ်ကြီးနားမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာ ဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် ဒေါ်ထွေးပို ၏လက်ဆွဲခြင်းအတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၉၉၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၉၆ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဒေါ်ထွေးပို(၄၅)နှစ်အား မြစ်ကြီးနားနယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူ ထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post