မြစ်ကြီးနား၊ လားရှိုးနှင့် ပြည်တို့၌ သံဃာတော် ၁၈၉ ပါးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်
PUBLISHED - October 20, 2023
နေပြည်တော်၊ အောက်တိုဘာ ၂၀
တိုင်းစစ်ဌာနချုပ်အသီးသီမှ နယ်မြေခံဆေးကုသရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေး အဖွဲ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ကျောင်းတိုက်များမှ သံဃာတော် ၅၃ ပါးတို့ကိုလည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ တောရကျောင်းပရိယတ္တိစာသင်တိုက်မှ သံဃာတော် ၈၉ ပါးတို့ကိုလည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ နဝင်းရပ် ကွက်ရှိ ဝင်္ကဘာတောရဘုန်းတော်ကြီးကျောင်းတိုက်မှ သံဃာတော် ၄၇ ပါးတို့ကိုလည်းကောင်း သတ်မှတ်နေရာအသီး သီး၌ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် အရိုးအကြောရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ ဆီးချိုရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ECG၊ Ultrasound၊ ဓာတ်မှန်ရိုက်စက်တို့ဖြင့် ရောဂါရှာဖွေ စမ်းသပ်ခြင်းများ ဆောင်ရွက် ပေးကာ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူများကို နယ်မြေခံတပ်မတော်ဆေးရုံများသို့ တက်ရောက်ကု သနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ၊ နဝကမ္မအလှူ ငွေများနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
#PeopleMedia