• Follow Us on
Latest News

Home မြစ်ငယ်နှင့် မြိုင်တို့မှ PDF အဖွဲ့ဝင် ၅ ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင် ရောက်

မြစ်ငယ်နှင့် မြိုင်တို့မှ PDF အဖွဲ့ဝင် ၅ ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင် ရောက်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၅

 

ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့မှ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများအား မိဘ အုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ သင်တန်းကျောင်းရှိ အနော်ရထာခန်းမ၌ ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ တာဝန်ရှိသူတစ်ဦးက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မများကို ရှင်းလင်း ဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်း မရှိသော မန္တလေးတိုင်းဒေသကြီး၊ မြစ်ငယ်မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မြိုင်မြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၅ ဦးတို့သည် ၎င်းတို့နှင့်အတူပါလာသည့် လက်လုပ်သေနတ် ၂ လက်၊ ၉ မမကျည် ၁၀ တောင့်၊ ကျည်အိမ် ၄ ခုနှင့် ဆက်စပ်ပစ္စည်းများကို အပ်နှံကြရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ကြသည်။

 

ယင်းနောက် တာဝန်ရှိသူများက လက်လုပ်သေနတ် ၁ လက်လျှင် ဆုကြေးငွေ ကျပ် ၅ သိန်းနှုန်းဖြင့် လက်လုပ် သေနတ် ၂ လက်အတွက် ဆုကြေးငွေကျပ် ၁၀ သိန်း ထောက်ပံ့ပေးအပ်ရာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင် ရောက်လာသူများက လက်ခံရယူကြသည်။ ၎င်းနောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ အား ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်သည်။

 

#PeopleMedia


Share this post