မြစ်ထဲတွင် ဖော့ပုံးဖြင့် မျောပါလာသည့် စွန့်ပစ်ထားသော မွေးကင်းစကလေးငယ်တစ်ဦး တွေ့ရှိ
PUBLISHED - September 15, 2023
နေပြည်တော်၊ စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၊ ဧရာဝတီမြစ်အတွင်းတွင် ဖော့ပုံးဖြင့် မျောပါလာသည့် စွန့်ပစ် ထားသော မွေးကင်းစကလေးငယ်တစ်ဦး တွေ့ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၃ ရက်နေ့တွင် တောင်မင်းတည်းရပ်ကွက်တွင်နေသည့် ပြည်သူတစ်ဦးမှ ကလေးငို သံကြားသောကြောင့် လိုက်လံရှာဖွေရာတွင် ဧရာဝတီမြစ်အတွင်းထဲတွင် မျောပါလာသည့် ဖော့ပုံးထဲ၌ ချက် ကြိုးတန်းလန်းဖြင့် မွေးကင်းစကလေးငယ်တစ်ဦးကို တွေ့ရှိခဲ့ကြာင်း သိရသည်။
လက်ရှိအချိန်တွင် ထိုကလေးငယ်ကို တောင်မင်းတည်းရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးမှ စောင့် ရှောက်ထားကြောင်း သိရသည်။
Photo – Credit
#PeopleMedia