မြစ်သားမြို့နယ်မှာ အုပ်ချုပ်ရေးမှူး အာမခံပေးလို့ လွတ်လာတဲ့ PDF က အဆိုပါ အုပ်ချုပ်ရေးမှူး လင်မယားကို ပြန်သတ်

PUBLISHED - July 22, 2024
နေပြည်တော်၊ ဇူလိုင် ၂၂
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ မုန္တောလေးကျေးရွာတွင် အုပ်ချုပ်ရေးမှူး အာမခံပေးလို့ လွတ်လာ သည့် PDF က အဆိုပါ အုပ်ချုပ်ရေးမှူး လင်မယားကို ပြန်လည်သတ်ဖြတ်သွားကြောင်း သိရသည်။
ဇူလိုင်လ (၂၁)ရက် မနက် (၁၀)နာရီခန့်က မုန္တောလေးကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ အသက် (၇၁) နှစ် အရွယ်ရှိ ဦးခင်မောင်ဝင်းနှင့် အသက် (၆၈)နှစ်အရွယ်ရှိ ၎င်း၏ ဇနီးဖြစ်သူတို့သည် နေအိမ်တွင် ရှိနေစဉ် PDF အဖွဲ့ဝင် (၄)ဦးသည် ဆိုင်ကယ် (၂)စီးဖြင့် ရောက်ရှိလာသည်။
ယင်းနောက်တွင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းနှင့် ၎င်း၏ဇနီးကို PDF အဖွဲ့ဝင်များမှ ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်သွားသဖြင့် အခင်းဖြစ်ပွါးသည့်နေရာတွင် သေဆုံးသွားကြောင်းနှင့် ၎င်းနေရာအနီးတဝိုက်တွင် (၉)မမ ကျည်ခွံများ တွေ့ရှိခဲ့ကြောင်း သိရသည်။
အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းတို့ လင်မယားကို သတ်ဖြတ်ခဲ့သည့် PDF အဖွဲ့ဝင် ကျော်စိုးမြိုင်ဆိုသူသည် PDF သံသယဖြင့် ရဲတပ်ဖွဲ့မှ ဖမ်းဆီးထားချိန်၌ PDF မဟုတ်ဟုဆိုကာ အုပ်ချုပ်ရေးမှူးမှ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ သူဖြစ်ကြောင်း သိရသည်။
#PoepleMedia