မြတ္ဆလင္မ်ား၀တ္ျပဳေနသည့္ဗလီမ်ားအတြင္း ပစ္ခတ္ၿပီး ေဖ့စ္ဘြတ္ခ္တြင္တိုက္႐ိုက္ထုတ္လႊင့္သူကို လြတ္ၿငိ မ္းခ်မ္းသာခြင့္မ႐ွိဘဲေထာင္ဒဏ္တစ္သက္က်ခံရန္ နယူးဇီလန္တရား႐ံုးဆံုးျဖတ္

PUBLISHED - August 27, 2020
၀ယ္လင္တန္၊ ၾသဂုတ္
၀တ္ျပဳေနသည့္မြတ္ဆလင္ ၅၁ ေယာက္ကို တိုက္ခိုက္ေရးသံုး႐ိုင္ဖယ္မ်ားျဖင့္အေသပစ္သတ္ခဲ့သည့္ အမ်ိဳးသားတစ္ေယာက္ကို ၾကာသပေတးေန႔တြင္ နယူးဇီလန္တရား႐ံုးက လြတ္ၿငိမ္းခ်မ္းသာခြင့္မရဘဲေထာင္တစ္သက္က်ခံရန္ အမိန္႔ခ်လိုက္သည္။
ယခုအမိန္႔မွာ နယူးဇီလန္သမိုင္းတြင္ ပထမဆံုးျဖစ္သည္။
ၾသစေၾတးလ်ႏိုင္ငံသား အသက္ ၂၉ ႏွစ္႐ွိ ဘရန္တန္ တားရန္႔က လူသတ္မႈ ၅၁ မႈ၊ လူသတ္ရန္ႀကိဳးစားမႈ ၄၀ မႈႏွင့္ အၾကမ္းဖက္တိုက္ခိုက္မႈ ၁ မႈတို႔က်ဴးလြန္ခဲ့ေၾကာင္း ၀န္ခံခဲ့သည္။
၂၀၁၉ ခုႏွစ္က နယူးဇီလန္ႏိုင္ငံ၊ ခရစ္ခ်ာ့ခ်္ၿမိဳ႕မွ ဗလီ ၂ ခုကို ပစ္ခတ္ခဲ့ၿပီး ျဖစ္စဥ္ကို ေဖ့စ္ဘြတ္ခ္တြင္ တိုက္႐ိုက္ထုတ္လႊင့္ခဲ့ျခင္းျဖစ္သည္။
သက္တမ္းကန္႔သတ္ခ်က္႐ွိသည့္အျပစ္ဒဏ္သည္ လံုေလာက္မည္မဟုတ္ေၾကာင္း ခရစ္ခ်ာ့ခ်္ၿမိဳ႕မွ ဟိုက္ကုတ္တရားသူႀကီး ကင္မ႐ြန္ မန္ဒါကေျပာသည္။
ၾကားနာမႈမ်ားအတြင္း ကိုယ္တိုင္တက္ေရာက္ခဲ့သည့္တားရန္႔က ျပစ္ဒဏ္ကိုမဆန္႔က်င္ေၾကာင္း ၾကာသပေတးေန႔တြင္ ေ႐ွ႕ေနထံမွတစ္ဆင္ေျပာသည္။
ထိုအမ်ိဳးသားေန႔အလင္းေရာင္ကို လြတ္လပ္စြာျမင္ေတြ႕ရေတာ့မည္မဟုတ္သည့္အတြက္ စိတ္သက္ရာရမိသည္ဟု ၀န္ႀကီးခ်ဳပ္ဂ်ာဆင္ဒါ အာဒန္ကေျပာသည္။
Ref : New Zealand judge sentences mosque shooter to life in prison, without parole, for ‘wicked crimes’
#PeopleMedia
(unicode)
မွတ်ဆလင်များဝတ်ပြုနေသည့်ဗလီများအတွင်း ပစ်ခတ်ပြီး ဖေ့စ်ဘွတ်ခ်တွင်တိုက်ရိုက်ထုတ်လွှင့်သူကို လွတ်ငြိ မ်းချမ်းသာခွင့်မရှိဘဲထောင်ဒဏ်တစ်သက်ကျခံရန် နယူးဇီလန်တရားရုံးဆုံးဖြတ်
……………………………………………
ဝယ်လင်တန်၊ ဩဂုတ်
ဝတ်ပြုနေသည့်မွတ်ဆလင် ၅၁ ယောက်ကို တိုက်ခိုက်ရေးသုံးရိုင်ဖယ်များဖြင့်အသေပစ်သတ်ခဲ့သည့် အမျိုးသားတစ်ယောက်ကို ကြာသပတေးနေ့တွင် နယူးဇီလန်တရားရုံးက လွတ်ငြိမ်းချမ်းသာခွင့်မရဘဲထောင်တစ်သက်ကျခံရန် အမိန့်ချလိုက်သည်။
ယခုအမိန့်မှာ နယူးဇီလန်သမိုင်းတွင် ပထမဆုံးဖြစ်သည်။
ဩစတြေးလျနိုင်ငံသား အသက် ၂၉ နှစ်ရှိ ဘရန်တန် တားရန့်က လူသတ်မှု ၅၁ မှု၊ လူသတ်ရန်ကြိုးစားမှု ၄၀ မှုနှင့် အကြမ်းဖက်တိုက်ခိုက်မှု ၁ မှုတို့ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့သည်။
၂၀၁၉ ခုနှစ်က နယူးဇီလန်နိုင်ငံ၊ ခရစ်ချာ့ခ်ျမြို့မှ ဗလီ ၂ ခုကို ပစ်ခတ်ခဲ့ပြီး ဖြစ်စဉ်ကို ဖေ့စ်ဘွတ်ခ်တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။
သက်တမ်းကန့်သတ်ချက်ရှိသည့်အပြစ်ဒဏ်သည် လုံလောက်မည်မဟုတ်ကြောင်း ခရစ်ချာ့ခ်ျမြို့မှ ဟိုက်ကုတ်တရားသူကြီး ကင်မရွန် မန်ဒါကပြောသည်။
ကြားနာမှုများအတွင်း ကိုယ်တိုင်တက်ရောက်ခဲ့သည့်တားရန့်က ပြစ်ဒဏ်ကိုမဆန့်ကျင်ကြောင်း ကြာသပတေးနေ့တွင် ရှေ့နေထံမှတစ်ဆင်ပြောသည်။
ထိုအမျိုးသားနေ့အလင်းရောင်ကို လွတ်လပ်စွာမြင်တွေ့ရတော့မည်မဟုတ်သည့်အတွက် စိတ်သက်ရာရမိသည်ဟု ဝန်ကြီးချုပ်ဂျာဆင်ဒါ အာဒန်ကပြောသည်။
Ref : New Zealand judge sentences mosque shooter to life in prison, without parole, for ‘wicked crimes’
#PeopleMedia