• Follow Us on

Home မြတ်ရိတ်နေသည့် အမျိုးသားတစ်ဦး မိုင်းပေါက်ကွဲ၍ ဒဏ်ရာရ

မြတ်ရိတ်နေသည့် အမျိုးသားတစ်ဦး မိုင်းပေါက်ကွဲ၍ ဒဏ်ရာရ

Share this post

နေပြည်တော်၊ သြဂုတ် ၁၀

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ အမှတ်(၁) ရပ်ကွက် ဘူတာ(ခ)ရပ် ငါးကန်ဘောင်၌ မြတ်ရိတ် နေသည့် အမျိုးသားတစ်ဦး PDF များထောင်ထားသည့် မိုင်းမှာပေါက်ကွဲ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

သြဂုတ်လ ၈ ရက်နေ့တွင် အမျိုးသားတစ်ဦး မိုင်းထိမှန်၍ ပြည်သူ့ဆေးရုံတွင် ဆေးကုသနေကြောင်း၊ တာဝန်ရှိ သူများမှာ သြဂုတ်လ ၉ ရက် နံနက် ၁၀ နာရီအချိန်တွင် သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ သွား ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုမိုင်းစပေါက်ကွဲ၍ ဒဏ်ရာရရှိသည့် အသက် (၅၆) နှစ်အရွယ် ဦးကိုကိုမောင်၏ ညာဘက်လက်မောင်း၊ ဝမ်းဗိုက်၊ ညာဘက်ဒူးနှင့် ခြေသလုံးပေါက်ပြဲဒဏ်ရာ ၂ ချက်၊ စုစုပေါင်းဒဏ်ရာ ၅ ချက်တို့ရရှိပြီး (မစိုးရိမ်ရ) ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post