မွန်ပြည်နယ်တွင် ဇူလိုင်လ ၁၅ ရက်နေ့ တစ်ရက်ထဲ ကိုဗစ်လူနာ ၁၁ ဦး၊ သံသယလူနာ ၃ ဦး စုစုပေါင်း ၁၄ ဦးအထိ သေဆုံး
PUBLISHED - July 16, 2021
နေပြည်တော်၊ ဇူလိုင် ၁၆ (People Media)
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ဇူလိုင်လ ၁၅ ရက်နေ့ တစ်ရက်ထဲ ကိုဗစ်လူနာ ၁၁ ဦး၊ သံသယလူနာ ၃ ဦး သေဆုံးသူစုစုပေါင်း ၁၄ ဦးအထိ သေဆုံးမှုရှိခဲ့တယ်လို့ မော်လမြိုင်မြို့ လူမှုကူညီရေးအသင်းများထံက သိရ ပါတယ်။
ယမန်နေ့က သေဆုံးသူ ၁၁ ဦးဟာ မော်လမြိုင်ဆေးရုံကြီး Isolation Ward-1 နှင့် Isolation Ward-3 တို့မှာ ကုသမှုခံယူနေသည့် Positive လူနာများဖြစ်ပြီးတော့ ကျန်လေးဦးဟာ မော်လမြိုင်မြို့ ရပ်ကွက်အတွင်းက ဖြစ်တယ်လို့လည်း သိရပါတယ်။
အဆိုပါ သေဆုံးသူ အသက်အပိုင်းအခြားများအဖြစ် အသက် ၇၀ ကျော်အရွယ်ရှိ ကျားမ ၅ ဦး၊ အသက် ၆၀ ကျော်အရွယ် ကျားမ ၃ ဦး၊ အသက် ၅၀ ကျော်အရွယ် ကျားမ ၂ ဦးနှင့် အသက် ၃၀ ကျော်မှ ၄၀ ကျော်အထိ ကျားမ ၄ ဦးအထိ ပါဝင်တယ်လို့လဲသိရပါတယ်။
လက်ရှိ မွန်ပြည်နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၄၀၀ ကျော်ရှိပြီး သေဆုံးသူဦးရေသည် ၈၀ အထိ မြင့်တက် နေကြောင်း မော်လမြိုင်မြို့ လူမှုကူညီရေးအသင်းများထံက သိရပါတယ်။
#PeopleMedia #မော်လမြိုင်
(unicode)
…………………………………………………