မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ရဲစခန်းကင်းတဲ ဗုံးခွဲတိုက်ခိုက်ခံရ

PUBLISHED - September 4, 2021
နေပြည်တော်၊ စက်တင်ဘာ – ၄ (People Media)
မွန်ပြည်နယ်၊ ရေးမြို့မရဲစခန်း၊ ကင်းစခန်းတစ်ခုသည် ယနေ့နံနက် ၆ နာရီအချိန်မှာ ဗုံးခွဲတိုက်ခိုက်ခံရကြောင်း ယင်းမြို့နေထိုင်သူများထံမှ သိရပါတယ်။
အဆိုပါ ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိဘဲ အပျက်အစီး အနည်းငယ်ရှိတယ်လို့ သိရပါတယ်။
ရေးမြို့ ရဲစခန်းကင်းတဲ ပေါက်ကွဲမှုနှင့် ပက်သက်ပြီးလည်း ရေးမြို့ YSTF အဖွဲ့မှ စက်တင်ဘာလ ၄ ရက်နေ့မှာ လည်း ရေးမြို့နယ်ရဲစခန်း ကင်းတဲအား ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားပါတယ်။
#PeopleMedia #ရေးမြို့
(unicode)
………………………………………………