မွန်ပြည်နယ် ပေါင်မြို့ရှိ ရဲစခန်းသုံးခုတွင် ရဲဝန်ထမ်းအပါအဝင် အတူနေမိသားစုဝင်များ ရောဂါပိုး ကူးစက်ခံရမှုများဖြစ်ပေါ်နေ
PUBLISHED - July 28, 2021
နေပြည်တော်၊ ဇူလိုင် ၂၈ (People Media)
မွန်ပြည်နယ်၊ ပေါင်မြို့ရှိ ပေါင်မြို့မရဲစခန်း၊ ဇင်းကျိုက်နယ်မြေရဲစခန်းနှင့် မုတ္တမနယ်မြေရဲစခန်းများတွင် ကိုဗစ် ၁၉ ရောဂါကူးစက်ခံရမှုများရှိတယ်လို့ မွန်ပြည်နယ်၊ ပေါင်မြို့ ကိုဗစ် ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက သိရပါတယ်။
“တွေ့တာကတော့ ဟုတ်တယ်၊ အခု သူတို့ကိုရော သူတို့မိသားစုဝင်တွေရော စခန်းမှာတော့ ထားတာတော့ မရှိဘူး၊ အကုန်လုံးကိုတော့ Isolastion Ward တွေကိုတော့ ပို့ထားတယ်” လို့ ပေါင်မြို့ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဆိုပါကဲ့သို့ ရဲစခန်းများတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိထားသည့်အတွက် အတည်ပြုလူနာများနှင့် ထိစပ်မှုရှိသည့် သူများကို ထပ်မံစောင့်ကြည့်လျက်ရှိပြီး ထိစပ်သူများကိုလည်း လာမည့်ရက်ပိုင်းအတွင်း စစ်ဆေးသွားမည် ဖြစ်ကြောင်း ပေါင်မြို့ ကိုဗစ် ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက သိရပါ တယ်။
#PeopleMedia #ပေါင် #ရဲစခန်း
(unicode)
…………………………………………………………