မြန်နှုန်းမြင့်ရထားလမ်းကွန်ရက်စီမံချက်အတွက် တရုတ်နိုင်ငံထံက သင်ယူလေ့လာလိုကြောင်း ဗီယက်နမ်ပြော
PUBLISHED - April 2, 2024
နိုင်ငံတကာ၊ ဧပြီ ၂
နိုင်ငံရဲ့ ပထမဦးဆုံး မြန်နှုန်းမြင့် ရထားလမ်းကွန်ရက် တည်ဆောက်ဖို့အတွက် တရုတ်နိုင်ငံထံက လေ့လာသင် ယူသွားဖို့ ဗီယက်နမ်နိုင်ငံအနေနဲ့ ကြိုးပမ်းဆောင်ရွက်နေကြောင်း Bangkok Post မှာ ရေးသားဖော်ပြထားပါ တယ်။
ဗီယက်နမ်နိုင်ငံဟာ ဒေါ်လာ ၇၂ ဘီလျံ ကုန်ကျမယ့် အဲဒီစီမံချက်ဟာ ၁,၅၄၅ ကီလိုမီတာရှည်လျားတဲ့ မြန်နှုန်း မြင့်ရထားလမ်းစနစ်ဖြစ်ပြီး သုံးစွဲမယ့်ဘတ်ဂျက်ဟာ တစ်မျိုးသားလုံးပြည်တွင်းထုတ်ကုန် GDP ရဲ့ ၁၇% ဖြစ် ကြောင်း ဗီယက်နမ်အစိုးရမီဒီယာက ပြောပါတယ်။
“တရုတ်ရထားပို့ဆောင်ရေးလုပ်ငန်းဟာ ကမ္ဘာပေါ်မှာ အဖွံ့ဖြိုးအတိုးတက်ဆုံး လုပ်ငန်းပါ။ ဒါ့ကြောင့် ဗီယက်နမ် နိုင်ငံအနေနဲ့ တရုတ်နိုင်ငံရဲ့ အတွေ့အကြုံတွေကို သင်ယူလေ့လာလိုပါတယ်။ အထူးသဖြင့် နည်းပညာ၊ ဘဏ္ဍာ ရေးစီမံခန့်ခွဲမှုပညာရပ်တွေနဲ့ ပတ်စသက်ပြီး သင်ယူလေ့လာချင်ပါတယ်။” လို့ ဗီယက်နမ်အစိုးရရဲ့ ကြေညာ ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဗီယက်နမ်နိုင်ငံ စီမံကိန်းနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ငုယင်ချီဒေါင် တရုတ်နိုင်ငံကို သွားရောက်လည်ပတ်ပြီး တရုတ် ကုန်သွယ်ရေး/ သယ်ယူပို့ဆောင်ရေးအရာရှိတွေ၊ ရထားပို့ဆောင်ရေးအမှုဆောင်အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေး နေစဉ်မှာ အခုလို ကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း တရုတ်သမ္မတရှီကျင့်ဖျင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ကို လာရောက်လည်ပတ်စဉ် ရထားပို့ဆောင်ရေးကဏ္ဍအပါအဝင် နယ်ပယ်အများအပြားမှာ ပူုးပေါင်းဆောင်ရွက်ဖို့ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံ တို့ သဘောတူစာချုပ်တွေလက်မှတ်ရေးထိုးခဲ့ပါတယ်။
မြန်မာနှုန်းမြင့်ရထားလမ်းကွန်ရက်တည်ဆောက်ရေး အကူအညီပေးဖို့ ဂျပန်အစိုးရထံကလည်း အကူအညီ တောင်းခံခဲ့ကြောင်း ဗီယက်နမ်အစိုးရက ပြီးခဲ့တဲ့နှစ်က ပြောကြားခဲ့ပါတယ်။
ဗီယက်နမ်၊ ထိုင်းနဲ့ တခြားဒေသတွင်းနိုင်ငံတွေဟာ နှစ်ပေါင်းများစွာကြာအောင် စီမံချက်လျာထားပေမဲ့လည်း အရှေ့တောင်အာရှဒေသမှာ မြန်နှုန်းမြင့်ရထားလမ်းကွန်ရက် အကောင်အထည်ဖော်ဖို့ အခုအချိန်အထိ နှေး ကွေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဗီယက်နမ်ထက် ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ အိမ်နီးချင်း လာအိုနိုင်ငံ တစ်နိုင်ငံတည်းသာ တရုတ်ချေးငွေနဲ့ မြန်နှုန်းမြင့် ရထားပို့ဆောင်ရေးစနစ်တစ်ခုကို အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။
နှစ်ပေါင်းများစွာကြာအောင် တရုတ်အကြွေးနွံထဲမှာ နစ်နေမယ်ဆိုတဲ့ စီးပွားရေးပညာရှင်တွေရဲ့ သတိပေးချက် တွေကို လျစ်လျူရှုပြီး လာအိုအစိုးရဟာ တရုတ်ချေးငွေနဲ့ အဲဒီရထားလမ်းစနစ်ကို တည်ဆောက်ခဲ့တာဖြစ်ပါ တယ်။
မြန်နှုန်းမြင့်ရထားလမ်းကွန်ရက် စီမံချက်အတွက် အချိန်ဇယားအတိအကျကို ဗီယက်နမ်အစိုးရက ကြေညာခြင်း မရှိသေးဘဲ အဲဒီစီမံချက်ကို ခွင့်ပြုချက်ရယူဖို့ အခုနှစ်နှောင်းပိုင်းလောက်မှာ လွှတ်တော်ကို တင်ပြသွားမှာဖြစ် ကြောင်း ဗီယက်နမ်အစိုးရက ပြောပါတယ်။
Ref: Vietnam seeking to learn from China with high-speed rail plan
#PeopleMedia