• Follow Us on
Latest News

Home မြန်မာက ဘင်္ဂလားဒေ့ရှ်ကို ရန်စနေကြောင်း ဘင်္ဂလားဒေ့ရှ်ပြော

မြန်မာက ဘင်္ဂလားဒေ့ရှ်ကို ရန်စနေကြောင်း ဘင်္ဂလားဒေ့ရှ်ပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၇

 

မြန်မာအစိုးရဟာ နည်းဗျူဟာအမျိုးမျိုးအသုံးပြုပြီး ဘင်္ဂလားဒေ့ရှ်ကိုတိုက်ခိုက်ဖို့အတွက် ကြိုးစားနေတာကာလ ရှည်ကြာနေပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ရာဇဝတ်မှုနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့ (RAB) ညွှန်ကြားရေး မှူးချုပ် အမ်ခါရှစ်ဟိုစိန်က ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ပြောကြားလိုက်ပါတယ်။

 

“ဘင်္ဂလီဒုက္ခသည်တွေ ကျူးကျော်ဝင်ရောက်လာတဲ့အချိန်ကစပြီး မြန်မာဘက်က ရန်စမှုတွေ အမြဲတမ်းလုပ်နေ ပေမဲ့ ဝန်ကြီးချုပ်ရဲ့ ခိုင်မာတဲ့စိတ်သဘောထားကြောင့် အခြေအနေတွေကို ကိုင်တွယ်ထိန်းချုပ်နိုင်ခဲ့ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

စနေနေ့က ခါရှီယာနီအပ်ဇီလာမှာကျင်းပတဲ့ အခမ်းအနားတစ်ခုကို တက်ရောက်စဉ်မှာ RAB ညွှန်ကြားရေး မှူး ချုပ် အမ်ခါရှစ်ဟိုစိန်က အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

 

“အခုအချိန်မှာ စစ်ပွဲထဲကိုဝင်ရောက်လိုက်တာဟာ တိုင်းပြည်ကို အဆုံးသတ်လိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဟာ လက်ရှိအချိန်မှာ စစ်အစိုးရအုပ်ချုပ်နေတဲ့အချိန်ဖြစ်တယ်။ စစ်အစိုးရက AA သူပုန်အဖွဲ့နဲ့ တိုက်ပွဲတွေဖြစ် ပွားနေပါတယ်။ အဲဒီအခြေအနေကို အခွင့်ကောင်းယူပြီး မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်ကို ဒုက္ခရောက်စေ့ချင် နေတာဖြစ်ပါတယ်။” လို့ အမ်ခါရှစ်ဟိုစိန်က ပြောပါတယ်။

 

မြန်မာနိုင်ငံဟာ နိုင်ငံရေးကိုအကြောင်းပြုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို မူးယစ်ဆေးဝါးတွေ မှောင်ခိုတင်သွင်းနေ တဲ့ ပင်ရင်းလမ်းကြောင်းလည်းဖြစ်တယ်လို့ အမ်ခါရှစ်ဟိုစိန်က ပြောပါတယ်။

 

မူးယစ်ဆေးဝါးထိန်းချုပ်ရေးဟာ လက်ရှိအချိန်မှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေကြောင်း၊ မြန်မာနိုင်ငံဘက်က လမ်း ကြောင်းကို ဘယ်နည်းနဲ့မဆို ပိတ်ပစ်ရမှာဖြစ်ကြောင်း၊ နိုင်ငံထဲမှာ မူးယစ်ဆေးစွဲသူတွေနဲ့ မူးယစ်ဆေးဝါးကုန် ကူးသူတွေ ရှိနေကြောင်း၊ ဒီလိုမူးယစ်ဆေးဝါးကို နှိမ်နှင်းဖို့ဆိုတာ တပ်ဖွဲ့တစ်ခုတည်းနဲ့ မဖြစ်နိုင်ကြောင်း ၎င်းက ပြောပါတယ်။

 

မြန်မာ့တပ်မတော်နဲ့ AA သူပုန်တွေကြားက တိုက်ပွဲတွေဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်လုံခြုံရေးကိုပါ ထိခိုက်စေ တယ်လို့ ၎င်းက ပြောပါတယ်။

 

ေဖေဖော်ဝါရီလအစောပိုင်းက မြန်မာနိုင်ငံဘက်က စိန်ပြောင်းကျည် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ကျရောက်ပေါက် ကွဲခဲ့တဲ့အတွက် လူနှစ်ဦးသေဆုံးပြီး လူတချို့ဒဏ်ရာရခဲ့လို့ မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရက ကန့်ကွက်ခဲ့ပါတယ်။

 

Ref: RAB DG: Myanmar trying to wage war against Bangladesh

 

#PeopleMedia


Share this post