• Follow Us on
Latest News

Home မြန်မာဒုက္ခသည်တွေထပ်မံဝင်ရောက်လာမှာ ဘင်္ဂလားဒေ့ရှ် စိုးရိမ်ပူပန်နေ

မြန်မာဒုက္ခသည်တွေထပ်မံဝင်ရောက်လာမှာ ဘင်္ဂလားဒေ့ရှ် စိုးရိမ်ပူပန်နေ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၈

 

မြန်မာနိုင်ငံတွင်း တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေရာ ဘင်္ဂလားဒေ့ရှ်နယ်စပ်အထိ ကူးစက်ပြန့်နှံ့လာပြီး နောက် ထပ်ဒုက္ခသည်တွေ ထပ်မံဝင်ရောက်လာမှာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက စိုးရိမ်ပူပန်နေပါတယ်။

 

တနင်္လာနေ့ (ဖေဖော်ဝါရီ ၅ ရက်နေ့) က မြန်မာနိုင်ငံဘက်က စိန်ပြောင်းဗုံးသီးတစ်လုံး ဘင်္ဂလားဒေ့ရှ်ဘက်ကို ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အရပ်သား ၂ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

 

တပြိုင်တည်းမှာပဲ မြန်မာအစိုးရတပ်ဖွဲ့ဝင်တွေရော အရပ်သားတွေပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဝင်ရောက်ခိုလှုံ လာတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေတွေကိုကာကွယ်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာသံအမတ်ကြီး ဦး အောင်ကျော်မိုးကို အင်္ဂါနေ့က ဆင့်ခေါ်ခဲ့ပါတယ်။

 

“ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေထိခိုက်သေဆုံးစေနိုင်ပြီး အိုးအိမ်အဆောက်အအုံတွေ ပျက်စီးစေနိုင်တဲ့ လက်မခံ နိုင်တဲ့ အခြေအနေတွေကို ရပ်တန့်စေဖို့အတွက် လိုအပ်သလို အရေးယူဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာအစိုးရကို တိုက်တွန်းပါတယ်။

 

ရခိုင်ပြည်နယ်က အိုးအိမ်စွန့်ခွာပြီး နောက်ထပ်ဝင်ရောက်လာမယ့် ဒုက္ခ သည်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်မခံနိုင်တော့ပါဘူး။” လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

မြန်မာ့တပ်မတော်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးတင်းမာမှု တွေမြင့်တက်ခဲ့ပြီး မကြာသေးခင်လတွေအတွင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ ထိုင်းနယ်စပ်၊ အိန္ဒိယနယ်စပ်နဲ့ တရုတ် နယ်စပ်ဒေသတွေနဲ့ ထိစပ်နေတဲ့ နယ်မြေတွေမှာ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ၂၀၁၇ ခုနှစ်က ထွက်ပြေးလာတဲ့ ဘင်္ဂလီဒုက္ခသည် တစ်သန်းဝန်းကျင်ကိုလက်ခံထားရ တဲ့အတွက် ဒုက္ခသည်တွေ အစုလိုက်အပြုံလိုက် ထပ်မံဝင်ရောက်လာရင် ကိုင်တွယ်ထိန်းသိမ်းနိုင်တော့မှာ မ ဟုတ်လို့ နောက်ထပ်ဒုက္ခသည်တွေဝင်ရောက်လာမှာကို စိုးရိမ်နေပါတယ်။

 

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်ပွားနေပြီး စစ်ဘေးဒဏ်ခံနေရတဲ့အတွက် ဘင်္ဂလီဒုက္ခသည်တွေ နေရပ်ပြန်လည် ပို့ဆောင်ရေးအစီအစဉ်ဟာလည်း အလှမ်းဝေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

 

မြန်မာတပ်ဖွဲ့ဝင်တွေနဲ့ AA သူပုန်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဝင်ရောက်ခိုလှုံလာ တဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်၊ တပ်မတော်သား၊ အကောက်ခွန်ဝန်ထမ်းနဲ့ တခြားအစိုးရဝန်ထမ်းတွေအပါအဝင် မြန်မာတပ်ဖွဲ့ဝင် ၃၂၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

 

မြန်မာနိုင်ငံဘက်က ဘင်္ဂလားဒေ့ရှ်ဘက်ကို နောက်ထပ်ဝင်ရောက်မလာအောင် တားဆီးဖို့ နယ်စပ်ဒေသမှာ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဆောင်ရွက်နေကြောင်း ဘင်္ဂၤလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) ညွှန်ကြား ရေးမှူးချုပ် ဗိုလ်ချုပ်မိုဟာမက်အာရှရက်ဖတ်ဇမန်းဆစ်ဒီကီက အင်္ဂါနေ့ (ဖေဖော်ဝါရီလ ၆ ရက်နေ့) က ပြော ပါတယ်။

 

မြန်မာနိုင်ငံက လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တခြားဝန်ထမ်းတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲခိုလှုံခွင့်ပေးထားရတဲ့အ တွက် အခြေအနေတွေကို အရမ်းရှုပ်ထွေးလာတဲ့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ၎င်းတို့ကို အမြန်ဆုံး ပြန်လည်ပို့ဆောင်သင့်ကြောင်း အငြိမ်းစားဗိုလ်မှူးချုပ် အမ်.ဆက်ဟာဝတ်ဟူစိန်က Nikkei Asia ကို ပြောပါ တယ်။

 

နယ်စပ်ဒေသလိုနေရာတွေကို တိုက်ပွဲကင်းစင်တဲ့နယ်မြေအဖြစ် မြန်မာအစိုးရက ဆောင်ရွက်သင့်ပေမဲ့ မြန်မာ့ တပ်မတော်အနေနဲ့ AA သူပုန်အဖွဲ့လို လက်နက်ကိုင်အဖွဲ့တွေကို လုံးဝ မထိန်းချုပ်နိုင်ကြောင်း အမေရိကန်နိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ဟောင်း အမ်. ဟူမာယန်ကာဘီယာက ပြောပါတယ်။

 

“ကျွန်တော်တို့ လက်တုံ့ပြန်လို့မရဘူး။ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေက သူတို့နိုင်ငံထဲက ပြည်တွင်းရေးကိစ္စ တွေဖြစ်တယ်။ ကျွန်တော်တို့က အဲဒီပြဿနာထဲ ဝင်ပါလို့မဖြစ်ပါဘူး။” လို့ ကာဘီယာက ပြောပါတယ်။

 

အိန္ဒိယ၊ တရုတ်တို့အပါအဝင် သံတမန်လမ်းကြောင်းတွေက တစ်ဆင့် မြန်မာအစိုးရကို ဖိအားပေးသင့်ကြောင်း ကာဘီယာက ပြောပါတယ်။

 

Ref: Bangladesh rebukes Myanmar over stray gunfire as border crisis brews

 

#PeopleMedia


Share this post